Latest News

Sunday, July 2, 2017

ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရေး စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုမည်

ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရေး စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်တရားဝင် စီးနင်းခွင့်ရရှိဖို့အတွက် ဆိုင်ကယ် ကယ်ရီ ဆွဲသူတွေ စုပေါင်းလက်မှတ် ရေးထိုးပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို တရားဝင်စာတင်ပြီး တောင်းဆိုသွားမယ်လို့ တောင်ဒဂုံမြို့နယ်က ဒေသခံတွေက ဒီဗွီဘီ ကို ပြောပါတယ်။

အခုအချိန်အထိ လက်မှတ်ရေးထိုးသူဦးရေ ၂၀၀၀ ဝန်းကျင်လောက်ရှိပြီဖြစ်တယ်လို့ တာဝန်ယူကောက်ခံနေတဲ့ ကိုမှတ်ကြီးကဆိုပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကစတင်ပြီး ဆိုင်ကယ်စီးနင်းသူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ပြီးတဲ့နောက်မှာပဲ တောင်ဒဂုံမြို့နယ်အတွင်း ကယ်ရီဆွဲသူတွေက ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် အရေးယူမူကို ဆိုင်းငံ့ထားတာကြောင့် ဆန္ဒပြမှုကိုလည်း ဆိုင်းငံ့ထားတာပါ။

ဆန္ဒပြမှုကို ဆိုင်းငံထားပေမယ့်လည်း ဆိုင်ကယ်စီးနင်းခွင့်ကိုတော့ လက်မှတ်ကောက်ခံပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

ရန်နိုင်ဇော်ဝင်း
DVB

No comments:

Post a Comment