Latest News

Tuesday, July 18, 2017

ရခိုင်အစိုးရရဲ့ ရခိုင်ဂေဇက်ဂျာနယ် ဝန်ထမ်း ၇ဦး နှုတ်ထွက်

ရခိုင်အစိုးရရဲ့ ရခိုင်ဂေဇက်ဂျာနယ် ဝန်ထမ်း ၇ဦး နှုတ်ထွက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းတည်ထောင်ထားတဲ့ "ရခိုင်ဂေဇက် ဂျာနယ်" မီဒီယာတာဝန်ခံ၊ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာတွေ အပါအဝင် ဝန်ထမ်း ၇ ဦးဟာ မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံ လိပ်မူပြီး နှုတ်ထွက်စာတင်လိုက်ပါတယ်။

တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း မီဒီယာသမားတွေနဲ့ အစိုးရအဖွဲ့တို့အကြား အဆင်မပြေတာတွေကြောင့် နှုတ်ထွက်စာ တင်လိုက်တာဖြစ်တယ်လို့  နှုတ်ထွက်စာတင်လိုက်တဲ့ မီဒီယာသမားတွေကပြောပါတယ်။

"ရခိုင်ဂေဇက် ဂျာနယ်"ဟာ ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စတင်တာဝန်ယူချိန်က အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ စတင်ဖွဲ့စည်းထားတာဖြစ်ပြီး ဝန်ထမ်း ၁၀ ဦးလောက်နဲ့ လည်ပတ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မီဒီယာဌာနရဲ့ ' ရခိုင်ဂေဇက် ဂျာနယ်' ကို ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် သတင်းမီဒီယာသမားတွေကို အလုပ်ထုတ်ပယ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေ၊ သတင်းအချက်အလက် ခိုင်မာမှုမရှိတဲ့ သတင်းတွေကို ရေးသားခိုင်းတာတွေ၊ သတင်းအချက်အလက်တွေအတွက် ဝန်ကြီးဦးမင်းအောင်ကို မေးမြန်းပေမယ့် တိတိကျကျပြန်လည်ပြောဆိုနိုင်မှု မရှိဘူးလို့လည်း သိရပါတယ်။

"ရခိုင်ဂေဇက် ဂျာနယ်" မှာတာဝန်ထမ်းဆောင်နေတဲ့ မီဒီယာတာဝန်ခံနဲ့ တာဝန်ခံအယ်ဒီတာနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်နှစ်ဦးကို ပြီးခဲ့တဲ့လက အစားထိုးခန့်အပ်လိုက်တာကြောင့် တာဝန်ထမ်းဆောင်နေတဲ့ သတင်းသမားတွေနဲ့ ဆက်ဆံရေး မပြေလည်တာတွေဖြစ်ခဲ့ရတယ်လို့လည်း မနေ့က နှုတ်ထွက်စာတင်လိုက်တဲ့ မီဒီယာသမားတွေကပြောပါတယ်။

Photo: Min Thein Aung/RFA

No comments:

Post a Comment