Latest News

Sunday, July 9, 2017

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျောင်းသားများကို အချက်နှစ်ချက်မှာကြား

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျောင်းသားများကို အချက်နှစ်ချက်မှာကြား

ရန်ကုန်၊ ဇူလိုင်-၉

ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနား အထိမ်း အမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူ များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အချက်နှစ် ချက်မှာကြားလိုက်ကြောင်း ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဇူလိုင် ၉ ရက် ညနေက ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ ပြော ကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂရုံးခန်း ဖွင့်လှစ်နိုင်ရန်အတွက် ဇွန် ၂၆ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ရုံးခန်းကို သေချာစွာ ပြင်ဆင်ပေးရန် ပြောကြားခဲ့ကြောင်း ၎င်းက ပြောဆို သည်။
‘ရှေ့ကိုကြည့်ပြီး လုပ်ဆောင် ဖို့၊ ရှေ့ကိုကြည့်ဖို့။ ပြီးခဲ့တာတွေက ပြီးသွားပြီ။ ရှေ့ကိုပဲ ကြည့်ပြီးတော့မှ ကိုယ့်ရဲ့ အနာဂတ် ကောင်းမွန်ရေး၊ နိုင်ငံတော်အနာဂတ်ကောင်းမွန်ရေးအတွက် ရှေ့ကိုပဲကြည့်ပြီးတော့မှ ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ကိုပဲကြည့်ပြီး ချီတက်သွားဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက မှာကြားခဲ့ပါတယ်’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းပြည်အနာဂတ်သည် လူငယ်များ၏အနာဂတ်ဖြစ်သည့်အလျောက် တိုင်းပြည်တန်ဖိုးမြင့်မားရန်အတွက် လူငယ်များ၏ တန်ဖိုးလည်း မြင့်မားရန်လိုအပ်သောကြောင့် ပြည်သူနှင့်အတူ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါ ရုံးခန်းတွင် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ပညာသင်ယူဆည်းပူးရန် စာကျက်ခန်းဖြစ်စေ ရန်ကုန်တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်သည့်နေရာလေးတစ်ခုဖြစ်ရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

အဆိုပါ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
မင်းမော်ဦး(စံတော်ချိန်)

No comments:

Post a Comment