Latest News

Monday, July 3, 2017

အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ အပြုသဘောဆွေးနွေး

အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း နှင့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားရေးဝန်ကြီးတို့ အပြုသဘောဆွေးနွေး


မြန်မာနိုင်ငံမှ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတော် ဧည့်ဂေဟာ Padma တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူဟာဆန်မာမွတ်အလီနှင့် ဇူလိုင် ၂ရက် ညနေပိုင်းက တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ နှစ်ဖက်တွေ့ဆုံမှု အကြောင်းချင်းရာကို လတ်တလော မသိရှိရနိုင်သေးပေ။

နိုင်ငံခြားရေးအတွင်းဝန် ရှာဟီဒူဟတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဆူဖားရတ်မန်တို့ပါ တက်ရောက်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို သတင်းထုတ်ပြန်သေးခြင်း မရှိသေးပေ။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် အလွန်အပြုသဘောဆောင်ပြီး ပျူငှာလှိုက်လှဲမှုရှိကြောင်း အစည်းအဝေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။

သို့သော် နှစ်ဖက်တွေ့ဆုံမှု အကြောင်းချင်းရာ အသေးစိတ်ကို ၎င်းက ပြောဆိုခြင်း မရှိပေ။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိတ်ကြားမှုဖြင့် မြန်မာအမျိုးသားလုံခြုံရေးအကြံပေးက ယမန်နေ့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ယခင်သံတမန်ဟောင်းတစ်ဦးဖြစ်သည့် အမျိုးသား လုံခြုံရေးအကြံပေး ဦးသောင်းထွန်းအနေဖြင့် ဒါကာတွင် ရှိနေစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာသီနာနှင့် ပြည်ထဲရေးဝန်ကြီး အဆက်ဒူဇာမန်ခန်းတို့နှင့်လည်း တွေ့ဆုံသွားရန် စီစဉ်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်ဦးဆောင်သည့် မြန်မာအစိုးရသည် ဇန်နဝါရီလအတွင်း ဝန်ကြီးအဆင့်ဖြင့် အမျိုးသားလုံခြုံရေးအကြံပေးနေရာအား အသစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း ဦးသောင်းထွန်းသည် င်္ဘလားဒေ့ရှ်သို့ ရောက်ရှိသည့် ဒုတိယမြောက် မြန်မာအဆင့်မြင့် အရာရှိလည်း ဖြစ်သည်။ ဇန်နဝါရီလအတွင်းက အထူးသံကိုယ်စားလှယ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်အား ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ခဲ့ဖူးသည်
Mizzima

No comments:

Post a Comment