Latest News

Thursday, July 13, 2017

အငြိမ်းစားရှေ့နေ ဦးလေးလွင်မှတစ်လအတွင်း ခြံဝန်းအတွင်းမှ စာထုတ်ကာ နှင်ထုတ်ခြင်း။


အငြိမ်းစားရှေ့နေ ဦးလေးလွင်မှတစ်လအတွင်း ခြံဝန်းအတွင်းမှ စာ့ထုတ်ကာ နှင်ထုတ်ခြင်း။
........................................................
မြောင်းမြမြို့၊ မုဆိုးကွင်းကျေးရွာအုပ်စု၊မရမ်းကုန်းရပ်ကွက်၊ ရွှေဒါးကုန်း လမ်းတွင်းရှိ ဦးဘအောင် ၏ ဥယျာဉ်မှာ ကွင်းအမှတ်(၂၆၆)၊ ဦးပိုင်အမှတ် (၁၀၇/၁၃၀) ဧက (၀.၉၁) အားပိုင်ဆိုင်ခဲ့ပါသည်။
ဦးဘအောင်က သူပိုင်ဆိုင်သည့် ဥယျာဉ်တွင် (၁)ဦးတင်သိန်း
(၂)မန်းတောင်ကွေး
(၃)ဒေါ်စိန်ကြည်
(၄)ဦးပြုံးမောင်မောင်
တို့အား နေထိုင်စေခဲ့ရာ နှစ်ပေါင် များစွာ နေထိုင်းစေခဲ့ရာ ယခု လက်ရှိအချိန် အထိဖြစ်ပါသည် ။
ထိုသို့နေထိုင်လာပြီးနောက် တွင် နန့်ဧပရယ်စော ဆိုသည့်အမျိုးသမီးက (၆)လ ပိုင်တွင် ဦးဘအောင်ပိုင်ဆိုင်သည့်ဥယျာဉ်ခြံအား သူအပိုင်ဟုပြောကာ မရမ်းကုန်းအုပ်ချုပ်ရေးမှုး ဦးမင်းအောင်နှင့်စာရေး၊ မြေတိုင်စာရေးကြီးဦးဝင်းဇင်နှင့်သူ၏တပည့်၊တို့နှင့်ပူးပေါင်းကာ ဦးဘအောင်ပိုင်ဆိုင်သောဥယျာဉ်ခြံအတွင်းဝင်ရောက်၍ တိုင်းတာရန်လာခဲ့ပါသည်။ခြံဝင်းအတွင်းနေထိုင်သူများက လက်မခံ၍ ပြန်လည်ထွတ်သွားခဲ့ပါသည်။
ထိုသို ဖြစ်ပြီးနောက်တစ်လလောက်အကြာတွင် မရမ်းကုန်း အုပ်ချုပ်ရေးမှုးနှင့်ပူးပေါင်းကာဒုတိယအကြိမ် စာထုပ်၍ ခြောက်လှန့်ခြိမ်းခြောက်ကာ ပိုင်ရှင် မန်းစောကျားဖိုးအမည်ဖြင့် စာတစောင် ပို့ကာ မရမ်းကုန်း အုပ်ချုပ်ရေးမှုးရုံတွင် ရှင်းလင်းရန် အမိန့်သုံးကာ ခေါ်ခဲ့ပါသည်။ ဦးဘအောင် ခြံအတွင်းနေထိုင်သူများက သွားရောက်ရာ အုပ်ချုပ်ရေးမှုးရုံးတွင်မည်သူတစ်ဦးတစ်ယောက်မှမရှိမတွေ့ရပဲ ပြန်လာခဲ့ရပါသည်။ ၎င်းတို့ လိမ်လည်၍ပြုလုပ်ပြီး ဦးဘအောင်ပိုင်ဆိုင်သည့်မြေအား ငွေအင်အားသုံးကာ မရှိနွမ်းပါသူများအား ဒုက္ခရောက်စေလိုသော ဆန္ဒနှင့်ပြုလုပ်ခဲ့ပါသည်။

ယခု တတိယ အကြိမ်တွင် အငြိမ်းစားရှေ့နေကြီး ဦးလေးလွင်က ခေါ်ယူမေးမြန်းခြင်းမရှိပဲ ဆင်ခြင်တုန်တရားထားကာ တစ်လအတွင်းဦးစောကျားဖိုး ပိုင်ဆိုင်သည်ဟု ပြောဆိုကာ တစ်လအတွင်း ဦးဘအောင်ပိုင်ဆိုင်သည့်ဥယျာဉ်ခြံအတွင်းမှ တစ်လ အတွင်းထွတ်ပေးရမည်ဟု အမိန့်စာ ပို၍ခြောက်လှန့်ကာ ခြိမ်းခြောက်ပြီး အာဏာ သုံးကာ အမိန်စာ ပေးခဲ့ပါသည်။

၎င်း မြေ ကိစ္စ နှင့်ပတ်သက်၍ နည့်မျိုးစုံ ၊ ငွေကြေးမျိုးစုံ သုံးကမြေစာရင်းမှ ဦးဝင်းဇင်၊ မရမ်းကုန်းအုပ်ချုပ်ရေးမှုး ဦးမင်းအောင် ၊အငြိမ်းစား ရှေ့နေကြီးဦးလေးလွင် တို့နှင့် ပူးပေါင်း၍ အမျိုးမျိုး ခြိမ်းခြောက် ကာ ပြုလုပ်နေသူများအား ကျွန်တော်ကျွန်မ တို့မှ ကြောက်လန့်နေရပါသည် ။

အငြိမ်းစား ရှေ့နေကြးဦးလေးလွင်ကလဲ ခေါ်ယူမေးမြန်းချင်းမရှိ ၊ တရားရုံးတွင် တရားစွဲဆိုခြင်း မရှိပဲ ၊ ရှေ့နေ ကျင့်ဝတ် နှင့်မညီ ဥပဒေ ချိုးဖောက်ကာ မတရားအမိန့်ထုပ်၍ တစ်လအတွင်း ဖယ်ထုပ်ပေးရမယ့်စာပေးစေခဲ့သည်ဟု ဦးဘအောင်ခြံဝန်းအတွင်း နေထိုင်သူများက ပြောပါသည် ။
တောသား ကြီး
https://www.facebook.com/permalink.php?story_fbid=1819707925010842&id=100009149578132




No comments:

Post a Comment