Latest News

Thursday, July 6, 2017

ဒေါက်တာစင်သီယာမောင်ကို ကမ္ဘာ့ခရစ်ယာန်အဖွဲ့က ၂၀၁၇ လူ့အခွင့် အရေးဆိုင်ရာ ဆု ချီးမြှင့်

ဒေါက်တာစင်သီယာမောင်ကို ကမ္ဘာ့ခရစ်ယာန်အဖွဲ့က ၂၀၁၇
လူ့အခွင့် အရေးဆိုင်ရာ ဆု ချီးမြှင့်


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာဒုက္ခသည်များကို ဆေးဝါးကုသစောင့်ရှောက်မှုများပေးနေသောဒေါက်တာစင်သီယာမောင် အား ကမ္ဘာ့နှစ်ခြင်း ခရစ်ယာန်ဘာသာရေးအဖွဲ့ (Bapticst World Alliance-BWA)က ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာဆုကို ချီးမြှင့် လိုက်သည်ဟု သိရသည်။

ကမ္ဘာ့နှစ်ခြင်း ခရစ်ယာန်ဘာသာရေးအဖွဲ့ (BWA) က ပေးအပ်သော လူ့အခွင့်အရေးဆိုင်ရာဆု (Denton and Jannice lotz Human Right Award)ကို ဇူလိုင်လ ၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးတွင် အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၎င်းဆုသည် နယ်စပ်တွင် လုပ်ဆောင်နေသော ရွှေ့ပြောင်းပြည်သူလူထု၊ ပြည်တွင်း ဒုက္ခသည်များအရေး လုပ်ဆောင်နေသည့် အရပ်ဘက် အဖွဲ့အစည်းများ အားလုံးကို ဂုဏ်ပြုခြင်းဖြစ်ပြီး ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“အဲဒီမှာ သူတို့ တစ်နှစ်တခါ လူ့အခွင့်အရေးဆု ချီးမြှင့်တာရှိတာပေါ့နော်။ အဲဒီမှာ သူတို့ ဂုဏ်ပြုစကားပြောတာနဲ့ ချီးမြှင့်တဲ့ လက်မှတ် ထုတ်ပေးတယ်။ ကျမတို့ နယ်စပ်မှာ ကျန်းမာရေ၊ ပညာရေး၊ လူမှုရေး ဆိုင်ရာလုပ်ငန်းတွေအပေါ်မှာ၊ လူ့အခွင့်အရေးကိစ္စနဲ့ ဆောင်ရွက်ချက် တွေ၊ ကျွန်မတို့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိစ္စဆောင်ရွက် ဖို့မှာ အခြေခံကျတဲ့ လူထုအခြေပြု အဖွဲ့အစည်းကဏ္ဍတွေ တိုးမြှင့်ဆောင်ရွက်တာတွေကို အဓိကဖြစ်ပြီးတော့ ဒါအားလုံးအတွက် ဝမ်းသာဂုဏ်ယူပါတယ်”ဟု သူက ပြောသည်။

ဒေါက်တာစင်သီယာမောင်က မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက် ရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ လူ့အခွင့်အရေး၊ လူငယ်လုပ် ငန်းများ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် ပတ်သက်သည့် လုပ်ငန်းများသည် စနစ်တကျ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း အခမ်းအနားတွင် ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

အဆိုပါ ဆုချီးမြှင့်ကြောင်း ပြီးခဲ့သည့် မတ်လ ၈ ရက်က တရားဝင် ကြေငြာခဲ့ပြီး ဇူလိုင်လ ၂ ရက်မှ ၇ ရက်ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကျင်းပသော ကမ္ဘာ့နှစ်ခြင်း ခရစ်ယာန် ဘာသာရေးအဖွဲ့၏ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် ချီးမြှင့်ခဲ့ခြင်းဖြစ် သည်။ ၎င်းဆုကို ဒေါက်တာ စင်သီယာမောင်ကိုယ်တိုင် သွားရောက် လက်ခံယူခဲ့ခြင်း ဖြစ်သည်။

၎င်းဆုသည် ကုလသမဂ္ဂ လူ့အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ကြေငြာစာတမ်းပါ လူ့အခွင့်အရေးဆိုင်ရာ ထိန်းသိမ်းခြင်း၊ ကာကွယ်စောင့်ရှောက်ပေးနိုင်မှု ထိရောက်သော လှုပ်ရှားမှုများအတွက် ပေးအပ်သော ဆုလည်းဖြစ်သည်။

ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၉ ခုနှစ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မယ်တော်ဆေးခန်း ဖွင့်လှစ်ကာ ရွှေ့ပြောင်း ဒုက္ခသည်များ၊ ရွှေ့ပြောင်း အလုပ်သမာမျးားကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စောင့်ရှောက်မှုများ ပေးနေသူ ဖြစ်သည်။ နိုင်ငံတကာက သူ၏ လုပ်ဆောင်မှုအပေါ် ဂုဏ်ပြုသော ဆုပေါင်း ၂၀ ကျော် လက်ခံရရှိထားသည်။
Mizzima

No comments:

Post a Comment