Latest News

Friday, July 14, 2017

လု့အခွင့်အရေးလှုပ်ရှားသူ လူရှောက်ဘို ကွယ်လွန်ပြီ

လု့အခွင့်အရေးလှုပ်ရှားသူ လူရှောက်ဘို ကွယ်လွန်ပြီ

ကင်ဆာရောဂါခံစားနေရတဲ့ တရုတ်လူ့အခွင့်ရေးလှုပ်ရှားသူ လူရှောက်ဘို ဇူလိုင်လ ၁၃ ရက်နေ့က ကွယ်လွန်သွားပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို ကုသပေးနေတဲ့ ဆရာဝန်အဖွဲ့အကြီးအကဲ ဒေါက်တာ တန်ယူအီးက  “ ညနေ ၅ နာရီ ၃၅ မိနစ်မှာ သူကွယ်လွန်သွားပါတယ်။ သူကွယ်လွန်ခါနီးမှာ မိသားစုက သူနဲ့အတူ တစ်ချိန်လုံး ရှိနေခဲ့ ပါတယ်။ သူ့ဇနီး၊ သူ့အစ်ကိုနဲ့ ညီတွေ တစ်ချိန်လုံး သူနဲ့အတူ ရှိနေခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးအချိန်တွေကို နာကြင်မှုလုံးဝမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းသွား နိုင်ခဲ့ပါတယ်။”လို့ ရှင်းပြခဲ့ပါတယ်။

လူရှောက်ဘိုကို ကုသပေးနေတဲ့ တရုတ်ဆေးတက္ကသိုလ်ဆေးရုံ ကင်ဆာဌာနအကြီးအကဲ ဒေါက်တာ လူယွန်ပန်းကလည်း “တစ်နိုင်ငံ လုံးမှာရှိတဲ့ ဆရာဝန်အားလုံးက လူရှောက်ဘိုကိုမြင်ရုံနဲ့ ရောဂါပြင်းပြင်းထန်ထန် ခံစားနေရတယ်ဆိုတာ သိခဲ့ကြပါတယ်။ သူ့ရဲ့အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ခေတ်မီ radiotherapy ကုထုံးတွေကို လက်ခံနိုင်တဲ့အခြေအနေ မရှိခဲ့ဘူး”လို့ တရုတ်အစိုးရက လူရှောက်ဘိုကို  ပြည်ပထွက်ပြီး ဆေးကုသခွင့်မပေးတဲ့အပေါ် ကာကွယ်ပြောဆိုသွားပါတယ်။

 ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူရှောက်ဘိုဟာ တရုတ်နိုင်ငံမှာ တစ်ပါတီ ကွန်မြူနစ်စနစ်ဖျက်သိမ်းပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့သူဖြစ်ပါတယ်။

၂၀၀၈-ခုနှစ်မှာ “Charter 08” လူ့အခွင့်အရေး ကြေငြာ စာတမ်းကို ရေးသားခဲ့တာကြောင့် ၂၀၀၉-ခုနှစ်မှာ တရုတ်အစိုးရက သူ့ကိုဖမ်းဆီးပြီး ထောင်ဒဏ် ၁၁-နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 ၈-နှစ်ကြာ အကျဉ်းချခံရပြီးတဲ့နောက် အသည်းကင်ဆာရောဂါကြောင့် ပြိးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ကမှ ပြန်လွတ်လာတာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Aye Aye Mon

No comments:

Post a Comment