Latest News

Thursday, July 20, 2017

ရန်ကုန်- ပြည်လမ်းမပေါ်တွင် လိုက်ထရပ်နှင့် အိမ်စီးကား ခေါင်းချင်းဆိုင်တိုက်မိရာမှ လူရှစ်ဦးဒဏ်ရာရ

ရန်ကုန်- ပြည်လမ်းမပေါ်တွင် လိုက်ထရပ်နှင့် အိမ်စီးကား ခေါင်းချင်းဆိုင်တိုက်မိရာမှ လူရှစ်ဦးဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ်ရန်ကုန်-ပြည်လမ်းရှိ ရဲဘော်ဟောင်းမှတ်တိုင် (ရွှေညောင်ပင်ဘိုးဘိုးကြီးအနီး)တွင် လိုက်ထရပ် နှင့် ဟာရီယာအိမ်စီးကား မျက်နှာ ချင်းဆိုင်တိုက်မိရာ လူရှစ်ဦးဒဏ် ရာရခဲ့ကြောင်း သတင်းရရှိသည်။

လိုက်ထရပ်သည် ဇူလိုင် ၁၉ရက်နေ့လယ် ၂ နာရီကျော်တွင် မင်္ဂလာဒုံမှ ထောက်ကြန့်သို့ အသွား တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ဟာရီယာ ကားသည် လမ်းပြောင်းပြန်မောင်း လာရာမှ အရှိန်မထိန်းနိုင်ဖြစ်ကာ ဝင်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲအရာရှိ ရဲအုပ်ကျော်မိုးကပြော သည်။

‘‘ဟာရီယာက တစ်ဖက် ယာဉ်ကြောက မောင်းလာတဲ့ လိုက်ထရပ်ကို ဝင်တိုက်မိတာပါ။ လိုက်ထရပ်မှာပါလာတဲ့ အမျိုး သား ရှစ်ဦးဒဏ်ရာရသွားတယ်။ အသက် အန္တရာယ်စိုးရိမ်ရတဲ့သူတွေတော့ မရှိပါဘူး။ လူနာတွေကိုဆေးရုံကို တင်ပို့ထားပါတယ်’’ ဟု ၎င်းရဲအရာရှိကပြောကြားသည်။

လိုက်ထရပ်ပေါ်၌ လိုက်ပါ လာသည့် အမျိုးသားရှစ်ဦးကို ရန် ကုန်ဆေးရုံကြီးနှင့် အင်းစိန်ပြည် သူ့ဆေးရုံကြီးတို့တွင် ပို့ဆောင် ထားပြီး အသက်အန္တရာယ်စိုးရိမ် ရသည့် လူနာမရှိကြောင်း ယာဉ် ထိန်းရဲအရာရှိ ရဲအုပ်ကျော်မိုးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ဟာရီယာကားမောင်းသူ အမျိုး သားကို ထောက်ကြန့်နယ်မြေ ရဲစခန်းက ၃၃၈/၂၇၉ ဖြင့်အမှုဖွင့် အရေးယူစစ်ဆေးနေသည်။
7Day News

No comments:

Post a Comment