Latest News

Monday, July 10, 2017

အာဇာနည်နေ့ အကြိုဟောပြောပွဲတွေ စာသင်ကျောင်းတွေမှာ ကျင်းပဖို့ တိုင်းအစိုးရ ညွှန်ကြား

အာဇာနည်နေ့ အကြိုဟောပြောပွဲတွေ စာသင်ကျောင်းတွေမှာ ကျင်းပဖို့ တိုင်းအစိုးရ ညွှန်ကြား

လာမယ့်ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲတွေကို မန္တလေးတိုင်းဒေသကြီးအတွင်းက စာသင်ကျောင်းတွေမှာ ပြုလုပ်ကြဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ကင်းကွာခဲ့တာကြာပြီဖြစ်လို့ ကျောင်းသားလူငယ်တွေကြားထဲမှာ အာဇာနည်တွေကို ဂရုပြုတဲ့ သဘောထားတွေ ပြန်အစပျိုးတာဖြစ်တယ်လို့  မန္တလေးတိုင်းဒေသကြီး သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။

" ကျောင်းတွေမှာ အကြိုဟောပြောပွဲတွေလုပ်ဖို့ပေါ့၊ အဲဒါအရင်နှစ်က ဟောပြောတာတွေ ဘာတွေက မရှိခဲ့ကြဘူးလေ၊ ဟောပြောပွဲတွေလုပ်ပေးဖို့ တိုင်းပညာရေးမှူးကို ကျနော်တို့အစိုးရအဖွဲ့က ညွှန်ကြား တာပေါ့ဗျာ၊ ကျနော်တို့ ငယ်ငယ်တုန်းကတော့ ဒါတွေရှိတာပေါ့ဗျာ၊ အခုက ကင်းကွာခဲ့တာကြာပြီ၊ ကျောင်းသားအရွယ်တွေ ကြားထဲမှာ အာဇာနည်တွေကို ဂရုပြုတဲ့သဘောထားတွေ ပြန်အစပျိုးတာပေါ့"

အဲဒီအကြိုဟောပြောပွဲတွေကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြုလုပ်ရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ် အာဇာနည်နေ့အခမ်းအနား ကျင်းပတဲ့အခါမှာ ပြည်သူတွေပါဝင်အလေးပြုနိုင်ဖို့ အတွက်လည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွအာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တာဟာ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ နှစ် ၇၀ ပြည့်မြောက်လာပြီ ဖြစ်ပါတယ်။

Photo: Kyaw Zaw Win/RFA

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း

Labels

Recent Post