Latest News

Thursday, July 13, 2017

ဧရာဝတီတိုင်းလွှတ်တော်တည်ဆောက်မှုတွင် အရည်သွေးညံ့ပစ္စည်းများ သုံးနေကြောင်းတွေ့ရှိ

ဧရာဝတီတိုင်းလွှတ်တော်တည်ဆောက်မှုတွင် အရည်သွေးညံ့ပစ္စည်းများ သုံးနေကြောင်းတွေ့ရှိ

ဧရာဝတီတိုင်းလွှတ်တော်တည်ဆောက်မှုတွင် သုံးသည့် ပစ္စည်းအရည်အသွေး ညံ့ဖျင်းမှုများရှိကြောင်း ဒုတိယလွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

"ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို မြေပြင်ရောက်ဈေးနှုန်းနဲ့ တင်ဒါခေါ်ခဲ့တယ်။ လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာ အုတ်အရည်အသွေး ညံ့ဖျင်းတဲ့တာကို တွေ့ရှိရတယ်၊နှစ်ဆယ်ငါးရာခိုင်နှုန်းပြီးစီးတဲ့အခါမှာ လွှတ်တော် အရည်အသွေးစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့တယ်၊ အုတ်တွေက အရည်အသွေး ညံ့တယ်လို့ သူတို့သတ်မှတ်ပြီး ကာရံထားတဲ့ ဆယ်တစ်ကန်စာကို အသစ်ပြန်ဖြိုပြီး ဆောက်ပြီးသားဟာတွေကို ဈေးနှုန်းလျော့ချခဲ့တယ်၊အုတ်ညံ့ကိုသုံးခဲ့လို့ ဈေးနိမ့်ပေးပြီး အုတ်ကောင်း ကို ပြန်သုံးတဲ့အရေအတွက်ကို အုတ်အကောင်းဈေးနှုန်းတိုင်း ပေးခဲ့တယ်၊ ညှိနှိုင်းလိုက်တဲ့အခါမှာ ပေပေါင်း ၁၉၀လောက်ကို ထပ်လုပ်ပေးဖို့ သူတို့ပြန်လုပ်ပေးဖို့ သဘောတူပြီးဖြစ်ပါတယ်၊ကျွန်တော်တို့ လွှတ်တော်ကော်မတီနှစ်ရပ်ရော အတည်ပြုပြီးဖြစ်ပါတယ်”ဟု ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

၂၀၁၆-၁၇ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တည်ဆောက်ရေးတွင် ခြံစည်းရိုးပြုလုပ်ခြင်းလုပ်ငန်း၊မြေသားပြုပြင်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊လုပ်ငန်းသုံးခုတွင် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းမှာ ပြောစရာရှိအောင် ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။
မဇ္ဈိမ

No comments:

Post a Comment