Latest News

Thursday, July 6, 2017

ကချင်နှင့် စစ်ကိုင်းရှိ မြို့အချို့ ရေကြီးနေ၍ လူဦးရေသုံးထောင်ကျော် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေထိုင်ရ

ကချင်နှင့် စစ်ကိုင်းရှိ မြို့အချို့ ရေကြီးနေ၍ လူဦးရေသုံးထောင်ကျော် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေထိုင်ရ

 နေရာကွက်၍ မိုးကြီးမှု နှင့် မြစ်ရေလျှံမှုကြောင့် ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးရှိ မြို့နယ်အချို့တွင် ရေကြီး နစ်မြုပ်မှုရင်ဆိုင်နေရကာ ဒေသ ခံသုံးထောင်ကျော် ရေဘေးကယ် ဆယ်ရေးစခန်းများ၌ ခိုလှုံနေရ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော် မြို့နယ် သပြေကုန်းကျေးရွာတွင် ဇူလိုင်  ၅ ရက်က စ၍ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေနစ်မြုပ်သဖြင့် လူဦးရေ ၂,၀၄၈ ဦးနှင့် ကျွဲ၊ နွားများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်း တွင်းမြစ်ကမ်းဘေးရှိ မြို့များအား လုံး ရေလွှမ်းမိုးမှုရင်ဆိုင်နေရကာ ခန္တီးမြို့နယ်တွင် လူဦးရေ ၁,၄၀၀ ခန့် ရေဘေးရင်ဆိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန် ထမ်းကယ်ဆယ်ရေးဦးစီးဌာန ဦး စီးမှူး ဦးစဝီလီယမ်ဖရန့်က ပြော သည်။

‘‘ဒီနေ့ (ဇူလိုင် ၆ ရက်)စာရင်းအရတော့ စစ်ကိုင်းတိုင်းထဲမှာ လူ ဦးရေ ၁,၈၀၀ ကျော်က ကယ်ဆယ် ရေးစခန်းတွေမှာ ရွှေ့ပြောင်းထား ရတယ်။ ကလေးဝနဲ့ မင်းကင်းက ဒေသခံ ၁,၀၀၀ ကျော်ကတော့   အိမ်တွေမှာပဲ ရှိနေသေးတယ်။ ဒါပေမဲ့ သူတို့နေအိမ်တွေလည်း ရေစဝင်နေပြီ။ ရေက စိုးရိမ်ရေ မှတ်အထက်မှာ ဆက်ရှိနေဦးမယ် ဆိုတော့ ပြန်လို့မရကြသေးဘူး’’ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဒုတိယ ရေကြီးကာလဖြစ်သော ဇူလိုင်တွင်စစ်ကိုင်းတိုင်းရှိ ခန္တီး၊ ဟုမ္မ လင်း၊ ဖောင်းပြင်၊ မော်လိုက်နှင့် မင်းကင်းမြို့နယ်တို့၌  ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်နေပြီး မြေနိမ့်ရပ်ကွက် နှင့် ကျေးရွာများအတွင်း ရေနစ် မြုပ်နေကာ စာသင်ကျောင်း ၃၀ ခန့် ပိတ်ထားရသည်ဟု ၎င်းက ဆိုသည်။
7Day News

No comments:

Post a Comment