Latest News

Tuesday, July 4, 2017

အာဇာနည် ခေါင်းဆောင်ကြီးများ၏ အစည်းအဝေးခန်းမကို မူရင်းအပြင်အဆင်အတိုင်း ပထမဆုံးအကြိမ် လေ့လာခွင့်ရမည်

အာဇာနည် ခေါင်းဆောင်ကြီးများ၏ အစည်းအဝေးခန်းမကို မူရင်းအပြင်အဆင်အတိုင်း ပထမဆုံးအကြိမ် လေ့လာခွင့်ရမည်

 ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီး များ    လုပ်ကြံခံရမှုဖြစ်ပွားခဲ့ရာ အစည်းအဝေးခန်းကို မူရင်းအတိုင်း အများပြည်သူလေ့လာနိုင် ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီမှ သတင်းရရှိသည်။

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့်    နှစ်(၇၀)ပြည့် အာဇာနည်နေ့၌ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်များရုံး)ရှိ အာ ဇာနည်ခေါင်းဆောင်ကြီးများလုပ် ကြံခံရသည့်

အစည်းအဝေးခန်းမ ရှေ့စင်္ကြံကြမ်းခင်းများကို ပြန်လည်ပြင်ဆင်ထားပြီး အခန်းအတွင်း၌ လုပ်ကြံခံရစဉ်က ပုံစံအတိုင်း စားပွဲနှင့်ထိုင်ခုံများချထားပေးမည်ဟု အထက်ပါကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်တွေက အဲဒီအ ခန်းကိုသွားတဲ့ ကော်ရစ်ဒါကြမ်း ခင်းတွေပြင်နေလို့ ခွင့်မပြုဘူး။ ဒီနှစ်က အဲဒီဘက်ခြမ်းက ပြန်ပြင် ပြီးလို့ ကြည့်ရှုခွင့်ပေးမယ်’’ဟု ၎င်း က ဆိုသည်။

ယခင်နှစ်များက အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အခန်းကို ဘုရားခန်း အဖြစ် ပြောင်းလဲထားပြီး ယခုနှစ် (၇၀)ပြည့်တွင် ထူးခြားမှုတစ်ခုအဖြစ်မူလအတိုင်း စားပွဲနှင့်ထိုင်ခုံများချထား ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်အချို့က ပြောသည်။

ထိုသို့ လေ့လာကြည့်ရှုခွင့် ပြုရာတွင် ကြမ်းခင်း၏ကြံ့ခိုင်မှု အခြေအနေအပေါ် မူတည်၍ တစ် ကြိမ်လျှင် လူငါးဆယ်စီသာ တက် ရောက်ခွင့်ပြုမည်ဟု တွဲဖက်အ တွင်းရေးမှူး ဦးသန်းက ရှင်းပြ သည်။  ‘‘ဒီနှစ်မှာ (မနှစ်ကနဲ့ မတူ တာက)ဗိုလ်ချုပ်တို့ကျတဲ့အခန်း ကို လူထုကို အသုတ်လိုက်ပေါ့။ တက်ခွင့်ပေးမယ်လို့ စီစဉ်ထား တယ်။ အဲဒါတစ်ခုထူးခြားတာ ပေါ့’’ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင်(၄) ဒေါ်မေမေသွင်က ပြောသည်။

ရန်ကုန်မြို့၏သမိုင်းဝင်အ ဆောက်အအုံဖြစ်သော ဝန်ကြီး များရုံး၌ ယခင်အစိုးရလက်ထက် ၂၀၁၄ အာဇာနည်နေ့တွင် အများပြည်သူလေ့လာနိုင်ရန် နံနက် ၈ နာရီမှ မွန်းလွဲပိုင်းအထိ ပထမဆုံး အကြိမ် ခွင့်ပြုခဲ့သည်။ ၂၀၁၄ တွင် ဘုရားခန်းအဖြစ် ပြောင်းလဲထားသော အာဇာနည်ခေါင်းဆောင် များလုပ်ကြံခံရသည့် အစည်းအ ဝေးခန်းသို့ ဝင်ရောက်ကြည့်ရှုခွင့် ပြုခဲ့သည်။ ယင်းနောက်ပိုင်းတွင် အ ဆောက်အအုံ၏ကြမ်းခင်းအနေ အထားအရ ဝင်ရောက်ကြည့်ရှု ခွင့်မပြုခဲ့ပေ။

လက်ရှိတွင် ဗိုလ်တထောင် မြို့နယ်ရှိ အဆိုပါဝန်ကြီးများရုံးကို အနော်မာ အနုပညာအဖွဲ့က တာဝန်ယူ ပြုပြင်လုပ်ကိုင်နေခြင်း ဖြစ်သည်။

၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက်၁၀ နာရီ ၃၇ မိနစ်တွင် ဝန်ကြီး များရုံး၌ အစည်းအဝေးပြုလုပ်နေ စဉ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင် မြ၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်း မောင်၊ ရဲဘော်ကိုထွေးတို့သည် မသမာသူ လူတစ်စု၏လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့သည်။
7Day News

No comments:

Post a Comment