Latest News

Thursday, July 6, 2017

ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ် တစ်ထောင်ကျော်ရှိနေ

ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်
တစ်ထောင်ကျော်ရှိနေ

တစ်ရက်ကို တစ်သောင်းကနေ သုံးသောင်းအထိရရှိနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ထဲမှာ တောင်းရမ်းစားသောက်နေတဲ့ ကလေးသူငယ်တွေအနေနဲ့ တစ်ဦးကို နေ့စဉ်ကျပ်တစ်သောင်းနဲ့ သုံးသောင်းကြားမှာ ပုံမှန်ရရှိနေလို့ နောက်ကွယ်ကနေ စေခိုင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

“လူမှုဝန်ထမ်းဌာနတွေက အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ လမ်းပေါ် လေလွင့်နေရင်ခေါ်ယူထိန်းသိမ်း စောင့်ရှောက်တယ်။ တချို့ ကျောင်းထားပေးပေမယ့်မသင်ချင်ကြဘူး။ မိဘရှိတော့မိဘက ပြန်လာခေါ်တယ်။ ကလေးတွေ လမ်းပေါ် ရောက်ပြီးတော့ တောင်းရမ်းခိုင်းနေတာ မိဘတွေကိုယ်တိုင်အဓိက ခိုင်းစေနေတာပါ”လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

တောင်းရမ်းစေခိုင်းခံရတဲ့ ကလေးငယ်တွေရဲ့ အသက်အရွယ်က ၆ နှစ်နဲ့ ၁၂ နှစ်ကြားရှိအရွယ်တွေကို အများဆုံးခိုင်းတာဖြစ်ပြီး လူစည်ကားတဲ့ ရန်ကုန်မြို့တွင်းရှိ ညဈေးတန်း၊ လသာမြို့နယ်၊ ၁၉ လမ်း (တရုတ်တန်း)နဲ့ အောင်မင်္ဂလာ အဝေးပြေး၊ ဒဂုံဧရာအဝေးပြေး စတဲ့နေရာတွေမှာ အဓိကတောင်းခံနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ၁၉၉၃ ခုနှစ် ကလေးသူငယ်အခွင့်အရေး ဥပဒေ ပြင်ဆင်ရေးဆွဲထားကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ပြီးရင် နောက်ကွယ်က စေခိုင်းသူတွေကို ဥပဒေပါအတိုင်း ပြစ်ဒဏ်တိုးမြှင့် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက စစ်တမ်းကောက်ယူထားတဲ့အချက်အလက်တွေအရ ရန်ကုန်မြို့မှာ အရွယ်မရောက်ဘဲ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်ပေါင်း တစ်ထောင်ခန့်မယ်လို့ ခန့်မှန်းထားပြီး လက်ရှိအချိန်အထိ တောင်းရမ်းသူ ကလေးငယ် ၅၀ဝ ကျော် စာရင်းရရှိထားတယ်လို့ သိရပါတယ်။
Source : The Voice
Photos : MyanmarTimes,Mizzima
Duwun

No comments:

Post a Comment