Latest News

Sunday, July 2, 2017

မှန်မှန်ကန်ကန် သတင်းရေးသားကြဖို့ သတင်းသမားတွေကို ဦးဝင်းထိန်ပြော

မှန်မှန်ကန်ကန် သတင်းရေးသားကြဖို့ သတင်းသမားတွေကို ဦးဝင်းထိန်ပြော

သတင်းမီဒီယာသမားတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတာဝန်ရှိသူတွေ ပြောဆိုဖြေကြားမှုတွေကို မှန်မှန်ကန်ကန် ရေးသားကြဖို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြေပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးချုပ်အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး ပါတီတာဝန်ရှိသူတွေနဲ့ ဒီနေ့ မန္တလေးမြို့ MICT Park တွေ့ဆုံစဉ် ပြောကြား ခဲ့တာဖြစ်ပါတယ်။  

 မန္တလေးတိုင်းဒေသကြီး အစိုးရ၊ ပါတီဝင်တွေနဲ့ ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက် တွေနဲ့ပတ်သက်ပြီး ပါတီဗဟိုကို တိုင်တန်းမှုအနည်းဆုံးဖြစ်တယ်လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။

ဦးဝင်းထိန်ဟာ ပါတီဝင်တွေ၊ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွေကို ပြည်နယ်နဲ့တိုင်းအားလုံးမှာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကနေ ရရှိတဲ့ အချက်အလက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ထံ တင်ပြသွားမှာဖြစ်တယ်လို့  သိရပါတယ်။

Photo: Hset Paing Toe/ RFA

No comments:

Post a Comment