Latest News

Saturday, July 15, 2017

ဖားကန့်တွင် ကျောက်တွင်းပြိုပြီး ရေမဆေးတူးသူ ၅ ယောက် ရှာမရသေး

ဖားကန့်တွင် ကျောက်တွင်းပြိုပြီး ရေမဆေးတူးသူ ၅ ယောက် ရှာမရသေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာက ကျောက်တွင်းတစ်ခုပြိုကျလို့ ရေမဆေးရှာသူတွေ နစ်မြုပ်ခဲ့ပြီး ဒီနေ့အထိ ရှာမရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ဆန်ခါရပ်ကွက်က ကုမ္ပဏီလုပ်ငန်း ရပ်နားထားတဲ့ကျင်းမှာ ပြိုကျခဲ့တာ ဖြစ်ပြီး လူ ၂၀ လောက်ပြုတ်ကျခဲ့ပေမယ့် ၆ ယောက်လောက် ပျောက်နေတာပါ။

“ကျင်းက ၃ ဧကကျော် ၄ ဧကလောက် (ပေ ၄၀၀ ပတ်လည်ခန့်) ကျယ်တယ်။ အောက်မှာ ရေအနက်က ပေ ၄၀ ကျော်လောက် ရှိမယ်။ လူတွေက ကျင်းရဲ့ နံရံ သုံးဘက်မှာ တူးနေတာ။ တစ်ဖက်က မြေတွေက ပြိုကျတော့ ရေလှိုင်းတွေ ပုတ်ပြီး လူတွေ ပြုတ်ကျသွားတာ။ တချို့က ကိုယ်တိုင် ကူးလာတယ်။ တချို့ကတော့ သွားဆယ်ရတယ်” လို့ ဒေသခံ ဦးတင်ဝေက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ပျောက်နေသူတွေကို ရှာနေဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
DVB

No comments:

Post a Comment