Latest News

Wednesday, June 7, 2017

YBS ယာဉ်လိုင်း(၇) ယာဉ်အကူက ခရီးသည်ကို ဓားနဲ့ခြိမ်းခြောက်သည်ဟု 199 ထံ မှားယွင်းတိုင်ကြား

YBS ယာဉ်လိုင်း(၇) ယာဉ်အကူက ခရီးသည်ကို ဓားနဲ့ခြိမ်းခြောက်သည်ဟု 199 ထံ မှားယွင်းတိုင်ကြား

ရန်ကုန်၊ ဇွန် ၇

ရန်ကုန်မြို့လယ်ခေါင်တွင် ခရီးသည်ကို YBS ယာဉ်အကူမှ ဓားဖြင့်ခြိမ်းခြောက်ကြောင်း 199 ထံ ဖုန်းဆက်တိုင်ကြားမှုဖြစ်စဉ်မှာ  မှားယွင်းတိုင်ကြားမှုသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

199 ထံ ဖုန်းဆက်တိုင်ကြားခံရသည့် YBS ယာဉ်လိုင်း (၇) ခရီးသည်တင်ယာဉ်အား ရဲတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံတွင် သေနတ်နှင့်ချိန်ရွယ်၍ ယာဉ်မောင်းနှင့် ယာဉ်အကူအား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ရဲအရာရှိက ပြောကြားသည်။

“မင်္ဂလာဈေးနားမှာ YBS ကားနှစ်စီး ယာဉ်ကြောလုမောင်းရာက စကားများခဲ့ကြတယ်။ ဒါကို YBS (၇) ကားပေါ် ပါလာတဲ့ ခရီးသည်တစ်ယောက်က သူ့အမြင်မှာ ယာဉ်အကူက ဓားကိုင်ထားတယ်လို့ ထင်ပြီး 199 ထံ ဖုန်းဆက်တိုင်ကြားလိုက်တယ်။ သတင်းရရချင်း အများပြည်သူ လုံခြုံရေးအတွက် ဒီကားသွားမယ့်လမ်းကြောင်းဖြစ်တဲ့ ကျောက်တံတားမြို့နယ်ထဲမှာ ပိတ်ဖမ်းခဲ့တာပါ။”ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးစဉ် သေနတ်များဖြင့် ချိန်ရွယ်ခဲ့သည်။

“သူ့မှာ ဓားပါတယ်။ သတင်းရတာကြောင့် လုံခြုံရေးအရ သေနတ်နဲ့ ချိန်ရွယ်ခဲ့တာပါ။ ယာဉ်မောင်း၊ ယာဉ်အကူနဲ့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေ စစ်ဆေးကြည့်လိုက်တော့ 199 ထံ ဖုန်းဆက်တိုင်ကြားသလို မဟုတ်ဘူး။ ဘာလက်နက်မှလဲ မရှိပါဘူး။ ဖြစ်စဉ် လွဲမှားနေမှန်း သိရတာကြောင့် ဖမ်းဆီးခံရသူနှစ်ဦးကို ပြန်လွှတ်လိုက်ပါတယ်။”ဟု ရဲအရာရှိက ပြောကြားသည်။

The voice

No comments:

Post a Comment