လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဇွန် - ၂၆
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်း၌ တပ်မတော်စစ်ကြောင်းက လမ်းကြောင်း လုံခြုံရေးဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် လင်ခရူဇာအမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတို့ကို တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့သည်။
အဆိုပါလိုင်စင်မဲ့မော်တော်ယာဉ် ၂ စီးတွင် DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက်ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းအေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့အပါအ၀င် အမျိုးသား ၇ ဦး လိုက်ပါလာပြီး ၎င်းတို့အား စစ်ဆေး ဖော်ထုတ်ချက်အရ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာ ခန့်မှန်မြေပုံညွှန်း (KF-955 316) တစ်ဝိုက်ရှိ နိုင်ငံတော်အစိုးရနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အား လက်နက်ကိုင် ဆန့်ကျင်လျက်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုပျက်ပြားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေနှင့်အရေးယူဆောင်ရွက်နိုင်ရေး လားရှိုးမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံထားကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Monday, June 26, 2017
လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ
လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ
Reviewed by Ar Ti
on
5:11 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment