Latest News

Friday, June 2, 2017

The Voice သတင်းစာ အယ်ဒီတာချုပ် နှင့် ဆောင်းပါးရှင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

The Voice သတင်းစာ အယ်ဒီတာချုပ် နှင့် ဆောင်းပါးရှင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျည်ထောင်စုသစ္စာ သရော်စာ ကို သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည့် The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ကို ဗဟန်းရဲစခန်းက ယနေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

“စခန်းကိုခေါ်ပြီး အထက်ကဖမ်းဖို့ အမိန့်ပေးထားပြီးဖြစ်လို့ ပြန်မလွှတ်တောာ့ဘူးလို့ မြို့နယ်မှူးက ပြောတယ်၊ အခု ဗဟန်းစခန်းမှာပဲ ခေါ်ထားတယ်” ဦးကျော်မင်းဆွေ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။

The Voice ဂျာနယ်တိုက် ရုံးခန်းရှိ သရော်စာလွှင်တင်ခဲ့သည့် ကွန်ပျူတာကိုလည်း ဗဟန်းမြို့နယ်မှူး ရဲမှူးဆွေဝင်း အပါအဝင် တာဝန်ရှိသူများက လာရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်- တပ္မေတာ္အား သရော်စာရေးသားသူနှင့် အယ်ဒီတာချုပ်ကို ပုဒ်မ ၆၆ ဃဖြင့် တရားစွဲ

ထွန်းထွန်း/ဧရာဝတီ

No comments:

Post a Comment