Latest News

Sunday, June 4, 2017

ကျောင်းပြန်တက်ခွင့်ပေးဖို့NNER တောင်းဆို

ကျောင်းပြန်တက်ခွင့်ပေးဖို့NNER တောင်းဆို

ကျောင်းအုပ်ချုပ်မှုစနစ်ကို ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ကျောင်းထုတ်ခံထားရတဲ့ စစ်ကိုင်းပညာရေးကောလိပ်က ကျောင်းသား ကိုဇော်ရဲထွဋ်ကို ကျောင်းပြန် တက်ခွင့်ပေးဖို့အတွက် ပညာရေးစနစ် ပြုပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က တောင်းဆိုလိုက်ပါတယ်။

NNER အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုးထွန်းက ဒီကနေ့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ NNERနဲ့ ဆရာများသမဂ္ဂတို့ ပူးပေါင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကျောင်းထုတ်ခံရသူ ကိုဇော်ရဲထွဋ်ဟာ စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်ပြီး သူဟာ ကျောင်းအုပ်ချုပ်ရေးကို တခြားဗကသကျောင်းသား ၃ ယောက်နဲ့အတူ ဧပြီလ ၂၆ ရက်နေ့က ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၄လ ချမှတ်ခံရပြီး ကျောင်းထုတ်ခံရတာဖြစ်ပါတယ်။

သူနဲ့အတူ ဆန္ဒပြသူ ကျန်တဲ့ ကျောင်းသား ၃ယောက်က မန္တလေးရတနာပုံကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ဗကသကလည်း ကိုဇော်ရဲထွဋ် ကျောင်းပြန်လည် တက်ခွင့်ရရေး၊ တောင်းဆိုပါတယ်။

ကျောင်းပြန်တက်ခွင့် ရဖို့အတွက် အဆင့်မြင့်ပညာဦးစီးဌာနနဲ့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ဇွန်လ ၅ ရက်နေ့ မနက်ဖြန်မှာ အဆင့်မြင့်ပညာဦးစီးဌာနက အကြောင်းကြားမှာ ဖြစ်တယ်လို့ ကိုဇော်ရဲထွဋ်က ပြောပါတယ်။

Photo: Aung Thain Kha/ RFA

No comments:

Post a Comment