Latest News

Sunday, June 25, 2017

FB စာမျက်နှာပေါ်မှာ နံမည်ကြီးနေသော မအေးသောင်း

FB စာမျက်နှာပေါ်မှာ နံမည်ကြီးနေသော မအေးသောင်း

မအေးသောင်း နာမည်အရမ်းကြီးလာသည်။ ပုံတွေကလဲ ဝေဝေဆာဆာတင်သည်။ ထူးခြားချက်က မအေးသောင်းကိုယ်တိုင်က စာတိုပေစ စာညွန့်တွေကို တင်တတ်သလို၊ သူ့ပရိသတ်ကိုယ်တိုင်ကလဲ ပျော်ပျော်ပါးပါးနှင့် ကဗျာစာတိုစာစကလေးတွေတင်သည်။ ကဗျာအမျိုးအစားတွေ ပြောင်းလဲသွားတာကလွဲလို့ ရှေးခေတ်က လုလင်ပျိုတွေနှင့် လုံမပျိုတို့စာချိုးကြသည့် အဖြစ်မျိုးပါ။ ချစ်စရာကောင်းသည်ဟုကျနော်ထင်မိသည်။ ရိုင်းပျ ဆဲရေးမှုတွေ မရှိကြပါ။ မအေးသောင်း စာမျက်နှာထက်မှာ အပျော်ဝင်၍ စာချိုးသော လူငယ်များလဲရှိမည်။ ဒါဟာ အများကြီးကောင်းပါသည်။

ဒါပေမယ့် (ထင်သည့်အတိုင်း) များမကြာမှီမှာ ဟိုတစ်စ သည်တစ်စ တွေ့လာရသည်။ မအေးသောင်းက အသက်ဘယ်လောက်၇ှိပြီ၊ ငယ်တုန်းက ဘယ်လို ဆိုတာမျိုးတွေ တွေ့လာရသည်။ လူတစ်ယောက် နာမည်ရုတ်တရက်ကြီးလာပြီဆိုလျှင် ဒီလိုမျိုးဖြစ်တတ်တာကတော့ လူ့သဘာဝ ဖြစ်ပါသည်။ ဒါပေမယ့် ဒီသဘာဝက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေမှာ နည်းနည်းပိုများနေတာကိုတော့ ကျနော်စိတ်မကောင်းဖြစ်မိသည်။

လူတိုင်းမှာ ကိုယ့်ဘဝနှင့်ကိုယ်ရှိသည်။ လူအများစု မသိသည့် နောက်ခံ အကြောင်းတရားများစွာလဲရှိသည်။  တစ်ယောက်နှင့်တစ်ယောက် ဘဝကို ဖြတ်သန်းရပုံချင်းမတူညီကြပါ။ လူတစ်ယောက်အတွက် အလွယ်တကူ အောင်မြင်နိုင်သော်လဲ အခြားတစ်ယောက်အတွက် များစွာ အခက်အခဲရှိနိုင်သည်များလဲရှိသည်။ အလုံးစုံမသိသော အခြေအနေတစ်ခုအတွက်  အခြားလူတစ်ယောက်ကို အလွယ်တကူ မကောင်းပြောခြင်းက တရားမျှတမည်လား စဉ်းစားဖို့ကောင်းသည်။ ကိုယ့်ကို သူများက အလွယ်တကူ အဲ့သလို ပြောလျှင်ကော ကိုယ်စိတ်ချမ်းသာပါမည်လား စဉ်းစားဖို့ကောင်းသည်။

မေတ္တာသုတ်တွင်ပါသည့် သဘောတရားတစ်ခုရှိသည်။

"ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ" ဟူသည့် သဘောတရားဖြစ်သည်။

ကျေန်ာကတော့ ဆင်းရဲလိုချင်း အချင်းချင်းတွေ အများကြီးတွေ့နေရသည်ဟု ထင်သည်။ မအေးသောင်းအောင်မြင်တာ မုဒိတာ ထားချင်စရာကောင်းပါသည်။ သူ့မှာ သူ့ဘဝနှင့် သူ့အကြောင်းရှိကောင်းရှိမည်။ ဒါတွေကို ကျနော်တို့ အလုံးစုံမသိနိုင်ပါ။ ဒါပေမယ့် ကျနော်သေချာသိတာကတော့ လူတစ်ယောက် ဆုံးရှုံးနစ်နာသွားအောင်လုပ်ပြီး ရရှိလာတဲ့ ကျေနပ်မှု ဆိုတာသည် နှစ်ဖက်သွားဓါးလိုပါပဲ ...နစ်နာအောင် လုပ်သူကိုပါ ထိရှစေတတ်ပါသည်။

Credit - Myoset Min

No comments:

Post a Comment