Latest News

Sunday, June 25, 2017

မောင်တောတွင် ဘင်္ဂလီများက ဓားဖြင့်ဝိုင်းခုတ်သောကြောင့် ရခိုင်တစ်ဦးဒဏ်ရာရရှိပြီး နှစ်ဦးပျောက်ဆုံးနေ



ဇွန်လ ၂၄ ၊ မောင်တော

ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီကျော်လာက်က မောင်တောမြို့နယ် မြောက်ပိုင်းက ထရိမ်းကျေးရွာသားလေးဦးတို့သည် ကျွန်းပေါက်ကျေးရွာအနီးလယ်ကွင်းများတွင် လိပ်ရှာနေကြစဉ် ကျွန်းပေါက်အရှေ့ကုလားရွာမှ ဘင်္ဂလီများက အုပ်စုလိုက်ထွက်လာပြီး ဓားများဖြင့် ဝိုးခုတ်ကြသဖြင့် ထွက်ပြေးလာသူ ၂ ဦးတွင် တစ်ဦးဒဏ်ရာရှိပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူများမှာ ဦးကိုကိုသိန်း(၄၃) နှစ်နှင့် ဦးအောင်ကျော် (၅၁) နှစ်တို့ဖြစ်ပြီး ထွက်ပြေးလာသူ ၂ ဦးတွင် တစ်ဦးမှာ ဓါးဒဏ်ရာဖြင့် တရိမ်းရွာသို့ ပြန်ရောက်လာပြီး ကျန်တစ်ဦး မှာ သာယာကုန်းကျေးရွာသို့ ရောက်ရှိသွားခဲ့သည်။

နယ်မြေခံတပ်ရင်းများ၏ အကူအညီဖြင့် ရွာများစုပေါင်းပြီး ညနေ ၄ နာရီ အချိန်လောက်တွင် အခင်းဖြစ်ပွါးရာနေရာသို့ သွားရောက်ရှာဖွေကြရာ ကျွန်းပေါက်အရှေ့ကုလားရွာ နှင့် ဇီးပင်ချောင်းကုလားရွာအနီး သွေးကွက်များတွေ့ရပြီး အလောင်အား ဆွဲတင်သွားသည့်နေရာများ တွေ့ရှိခဲ့ကြောင်း လိုက်ပါခဲ့သူ တစ်ဦးမှ အတည်ပြုပြောကြားသည်။

ထရိမ်းကျေးရွာမှ ကိုကျော်သန်း က “ အကြမ်းဖက်အဖွဲ့တွေက အရပ်သားတွေကိုတောင် ရန်မူတဲ့အဆင့်ကို ရောက်နေပါပြီ။ ကျနော်တို့အတွက် အထူးစိုးရိမ်ရတဲ့ အခြေအနေပါ ” ဟု ဆိုသည်။
လက်ရှိတွင် ကျောက်ဆုံးနေသူများအား ရှာဖွေရန် တပ်မတော်သား ၂၀ ဦးလောက် ရောက် ရှိလျှက်ရှိနေကြောင်းလည်း ၄င်းက ပြောသည်။

ချလူးအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/

No comments:

Post a Comment