Latest News

Sunday, June 25, 2017

စားသောက်ဆိုင်တွင် စားသုံးသူနှင့်စားပွဲထိုး စကားများပြီး စကေဘာဖြင့်ထိုး၊ ၂ ဦးလုံးသေ

စားသောက်ဆိုင်တွင် စားသုံးသူနှင့်စားပွဲထိုး စကားများပြီး
စကေဘာဖြင့်ထိုး၊ ၂ ဦးလုံးသေ

ဧရာတီတိုင်းဒေသကြီး ဘိုကလေးမြို့ ဧရာတမာစားသောက်ဆိုင်မှာ ဇွန်လ ၂၄ ရက်နေ့ည ၁၁ နာရီခွဲလောက်က ငွေရှင်းဖို့ ပိုက်ဆံလိုရာကနေ စားသုံးသူနဲ့ စားပွဲထိုးတို့ စကားများကာ ခိုက်ရန်ဖြစ်ပွားပြီး စကေဘာနဲ့ထိုးရာကနေ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ ဘိုကလေး မြို့မရဲစခန်းက သိရပါတယ်။

မင်းဇော်ဦးအပါအ၀င် သူငယ်ချင်း ၅ ဦးတို့က ဧရာတမာစားသောက်ဆိုင်မှာ သွားရောက်စားသောက်ကြပြီး ငွေရှင်းဖို့ ပိုက်ဆံလိုရာကနေ စားပွဲထိုးဖြစ်သူ နေပိုင် (ခ) ကရင်လေး (ခ) ဖိုးခွားနဲ့ မင်းဇော်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မင်းဇော်ဦးဆီမှာ အသင့်ပါလာတဲ့ အသွား ၉ လက်မ လောက်ရှိတဲ့ စကေဘာနဲ့  အပြန်အလှန် ထိုးသတ်ကြပြီး နှစ်ဦးစလုံး သေဆုံး ခဲ့တာပါ။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘိုကလေးမြို့မရဲစခန်းကနေ သေဆုံးသူမင်းဇော်ဦးကို (ပ)အမှတ် ၁၃၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄နဲ့အမှုဖွင့်ထားပြီး သေဆုံးသူ နေပိုင် (ခ) ကရင်လေး (ခ) ဖိုးခွားကို (ပ)အမှတ်၁၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့အမှုဖွင့်ထားကာ အဲဒီဖြစ်စဉ်မှာ ပါဝင်သူတွေကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
DVB

No comments:

Post a Comment