Latest News

Tuesday, June 27, 2017

ပညာရေးတက္ကသိုလ် တက်ချင်သူတွေ ပညာသင်ဆု လျှောက်လို့ရ

ပညာရေးတက္ကသိုလ် တက်ချင်သူတွေ ပညာသင်ဆု လျှောက်လို့ရ

ဘယ်ဒေသကမဆို လျှောက်ထားခွင့်ရှိပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပညာရေးတက္ကသိုလ် ဆက်လက်တက်ရောက်ဖို့ ငွေကြေးမတတ်နိုင်သူတွေအနေနဲ့ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
‘ပညာရေးတက္ကသိုလ်တက်ချင်တဲ့ အမှန်တကယ်နွမ်းပါးပြီး ပညာသင်ဖို့ ခက်ခဲသူတွေအတွက်ပေးမှာပါ၊ ပညာရေးဝန်ထမ်းအဖြစ် အမှန်တကယ်ရပ်တည်သွားမယ့်သူမျိုး ဖြစ်ဖို့လိုပါတယ်" လို့ Unique Quality ပညာရေးဖောင်ဒေးရှင်းက တာဝန်ခံ မမေသူနိုင်က ပြောထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အမှတ်စာရင်း မိတ္တူ၊ တက္ကသိုလ်တက်ဖို့အတွက် ငွေကြေးအခက်အခဲရှိကြောင်း မိမိနေထိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ အပါအဝင် တစ်နှစ်တစ်တန်းအောင်မြင်ဖို့နဲ့ စာမေးပွဲကျပါက သို့မဟုတ် ကျောင်းခေါ်ချိန်မပြည့်မီတာကြောင့် စာမေးပွဲဖြေဆိုခွင့်မရပါက နောက်နှစ်မှာ ထောက်ပံ့ကြေးရပ်ဆိုင်းမှာဖြစ်တာကိုသိရှိပါကြောင်း ကျောင်းသူကျောင်းသား ကိုယ်တိုင် ကတိပြုရေးသားတင်ပြချက် စတဲ့အချက်အလက်တွေကို ပူးတွဲတင်ပြလျှောက်ထားရမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပညာသင်ထောက်ပံ့စရိတ်အဖြစ် တစ်ဦးကို တက်ရောက်တဲ့ပညာသင်နှစ်အလိုက် လစဉ်အနည်းဆုံး ကျပ် ၆၀,ဝ၀ဝ ကစပြီး ဘွဲ့ရရှိ တဲ့အထိ ထောက်ပံ့ဖို့စီစဉ်ထားတာဖြစ်ပါတယ်။

ဘယ်ဒေသကမဆိုလျှောက်ထားခွင့်ရှိပြီး လျှောက်ထားသူရဲ့ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်ပေါ်မူတည်ကာ အခြားပညာရေး အဖွဲ့အစည်းတစ်ခုရဲ့ထောက်ပံ့ကြေးကိုလည်း လျှောက်ထားခွင့်ပြု မယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ပတ်စ်ပို့ဓာတ်ပုံ သုံးပုံနဲ့ပူးတွဲပြီး ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနဲ့ လှည်းတန်းလမ်းထောင့် အမှတ်(၁၇/၁၉)သို့ ပေးပို့လျှောက်ထားရမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးလျှောက်ထားရမှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၉၅၁၅၄၉၅၀၊ ဝ၉ ၂၅၀ ၉၄၆၄၈၄ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့သိရပါတယ်။
Source: Kumudra,  မေသော်တာမောင်:Duwun
Photos: ဒီမိုဝေယံ

No comments:

Post a Comment