Latest News

Thursday, June 29, 2017

၂၀၁၇- ၂၀၁၈ ပညာသင်နှစ်မှာ ဆေးတက္ကသိုလ် ကျောင်းသား ၁၅၀၀ လက်ခံမယ်

၂၀၁၇- ၂၀၁၈ ပညာသင်နှစ်မှာ ဆေးတက္ကသိုလ် ကျောင်းသား ၁၅၀၀ လက်ခံမယ်

ကျောင်းသား၊ ကျောင်းသူအရေအတွက် အချိုးညီ ခေါ်ယူသွားမှာပါ။

၂၀၁၇- ၂၀၁၈ ပညာသင်နှစ်အတွက် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆေးတက္ကသိုလ်တွေအတွက် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ဝ လောက်ခေါ်ယူဖို့ လျာထားထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီလိုခေါ်ယူရာမှာ ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းအတွက် ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး) နဲ့ ဆေးတက္ကသိုလ်(တောင်ကြီး) တို့မှာ ကျောင်းသား၊ ကျောင်းသူအရေအတွက် အချိုးညီခေါ်ယူမှာလို့ ရန်ကုန်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ပုံမှန်ခေါ်တာကတော့၁၅၀ဝ ပေါ့။ ကျွန်တော်တို့အခုတွေ့နေရတာက ဒီဝင်ခွင့်တွေ အားလုံး ဖြတ်ပြီးတဲ့နောက်မှာ အကြောင်းအမျိုးမျိုးကြောင့်နောက်ကျတာတို့၊ လျှောက်လွှာနောက်ကျမှုတွေတို့ကြောင့် ထပ်ပြီးတော့ကျောင်းသား ၅၀၊ ၁၀ဝ ဟာ နောက်ထပ်ဝင်လာတာမျိုးလည်း ရှိတယ်။ အကြမ်းဖျင်းအားဖြင့် ဒီနှစ်လည်း ၁၅၀ဝ လောက်လက်ခံဖို့လုပ်ထားပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

လတ်တလောမှာတော့ ဆေးတက္ကသိုလ်တွေရဲ့ဝင်ခွင့်စနစ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲရမှတ်တွေအပေါ် အခြေခံပြီး ကျောင်းဝင်ခွင့်ပြုတဲ့စနစ်ကို ပြောင်းလဲဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပညာရေးမူအရ ကျင့်သုံးမှုမပြုခင် တစ်နှစ်ကြိုတင်အသိပေးမယ်လို့ ဆိုပါတယ်။
ဆေးတက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် အမှတ်ကန့်သတ်တာကို မသတ်မှတ်ဘဲ လျှောက်ထားတဲ့ ကျောင်းသား ကျောင်းသူတွေထဲက အမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ဝ ကို ရွေးချယ်ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ဆေးတက္ကသိုလ်ဝင်ခွင့်ရမှတ်အဖြစ် ကျောင်းသားတွေကို ၄၉၀ လောက်နဲ့ ကျောင်းသူတွေကို ၅၀ဝ ကျော်နဲ့ ဝင်ခွင့်ရခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀ ရာခိုင်နှုန်းစီ လက်ခံခဲ့တာပါ။
Source : The Voice Duwun
Photos : Myawaddy

No comments:

Post a Comment