Latest News

Friday, June 2, 2017

ကန္တာရဝတီတိုင်း(မ်) သတင်းထောက် သတိပြန်ရ


( ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မမော်ဦးမြာ ပုံ ) Photo: Mawmaw Oo Myar FB
အဓမ္မကားပေါ်တင်ခံရာကနေ ယာဉ်တိုက်မှုဖြစ်ပြီး လွိုင်ကော်မြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မမော်ဦးမြာ ဟာ သတိပြန်ရနေပြီလို့ အဲဒီသတင်းဌာနရဲ့ လက်ထောက်အယ်ဒီတာက ပြောပါတယ်။

လွိုင်ကော်ဆေးရုံမှာ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ပါ ကုသမှုခံယူနေရပြီး သက်သာလာပြီ ဖြစ်တယ်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက လက်ထောက်အယ်ဒီတာ မစိုးစိုးထက် က ပြောပါတယ်။

"ကျမတို့ အဲဒီညတွင်းချင်းမှာပဲ ဒီမော့ဆိုဆေးရုံက ဆရာဝန်တွေက အရေးကြီးလို့ပေါ့နော်၊ အသက်အန္တရာယ် စိုးရိမ်ရလို့ ဆိုပြီးတော့ လွိုင်ကော်ကို ပို့ခဲ့ကြတာရှင့်၊ အခုသူ လွိုင်ကော်ဆေးရုံမှာ စိတ်ကျန်းမာရေးနဲ့လည်း ကုသနေရတယ်ပေါ့၊ ပြီးတော့ အထူးကုဆရာဝန်ကလည်း ကြည့်နေသေးတယ်ပေါ့နော်၊ သက်တော့ သက်သာလာပါပြီရှင့်။"

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ ညနေပိုင်းက မမော်ဦးမြာ သူအိမ်အပြန်မှာ လူ ၂ ဦးက ကားပေါ်အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး လွိုင်ကော်-ဒီးမော့ဆို သွားကားလမ်းမှာ ကားအရှိန်လွန်ပြီး မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ သတင်းထောက်ကို အဓမ္မကားပေါ်တင်သွားတဲ့သူ ၂ ဦးကို ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

ဒီအခင်းမဖြစ်ခင် နှစ်ပတ်လောက်ကလည်း အဓမ္မခေါ်ဆောင်သွားသူ နှစ်ဦးထဲက တစ်ဦးက ဖုန်းနဲ့ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောကြောင်း အယ်ဒီတာ မစိုးစိုးထက် က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment