Latest News

Friday, June 9, 2017

တပ်မတော်လေယာဉ်ပျက်ကျမှုအပေါ် သမ္မတ လွန်စွာစိတ်မကောင်း သမ္မတနှင့် အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ကာကွယ်ရေးဝန်ကြီးပြော

တပ်မတော်လေယာဉ်ပျက်ကျမှုအပေါ် သမ္မတ လွန်စွာစိတ်မကောင်း သမ္မတနှင့် အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ကာကွယ်ရေးဝန်ကြီးပြော

တပ်မတော်သယ်ယူပို့ ဆောင်ရေးလေယာဉ် မတော်တ ဆမှု ဖြစ်စဉ်ကို သမ္မတဦးထင် ကျော်က အလွန်စိတ်မကောင်း ဖြစ်နေကြောင်း ပြည်ထောင်စုဝန် ကြီးဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

သမ္မတသည် ယင်းဖြစ်စဉ်အ ပေါ် ကူညီ ထောက်ပံ့မှုများ ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို သမ္မ တအိမ်တော်သို့ ဇွန်လ၈ ရက် နံနက်ပိုင်းက ခေါ်ယူမှာကြားခဲ့ သည်။

‘‘စိတ်မကောင်းဘူးလို့ ပြော နေတဲ့ အချိန်မှာ သမ္မတ မျက်နှာ ကတော်တော်ကို မကောင်းဘူး’’ ဟု ဝန်ကြီးက ပြောသည်။

သမ္မတသည် စိတ်ထားနူးညံ့ သူဖြစ်ပြီး ယခင် နေပြည်တော်၌ ပြု လုပ်သော ကလေး စာပေပွဲတော် တွင် ဖခင်အကြောင်းပြောစဉ် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့သည်။

တပ်မတော် ပို့ဆောင်ရေး လေယာဉ် Y-8 တွင် စီးနင်းလိုက် ပါသွားသည့် အရာရှိ၊ စစ်သည် များ၊ မိသားစုဝင်များနှင့်လေ ယာဉ်အမှုထမ်းများ အတွက် တစ် ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ငွေ ကျပ် ၃၆၆ သိန်းကိုဒေါက်တာ ဝင်းမြတ်အေးက ကာကွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံ လှူဒါန်းခဲ့သည်။ သမ္မတနှင့်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားခဲ့ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

တပ်မတော်သယ်ယူပို့ ဆောင်ရေးလေယာဉ် မတော်တ ဆမှု ဖြစ်စဉ်နှင့်ပတ်သက်၍ သေ ဆုံးသူများနှင့် ပျောက်ဆုံးနေသူ များ၏ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ထပ် တူထပ်မျှ ပူပန်ဝမ်းနည်း ကြေကွဲရ ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့မှုများ ဆက် လက် ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း  သမ္မတရုံးက ဇွန်လ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

7Day News

No comments:

Post a Comment