Tuesday, June 27, 2017
ကျောင်းစာသင်ခန်းအတွင်း၌ ခုနစ်တန်းကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကျောင်းစာသင်ခန်းအတွင်း ခုနစ်တန်းကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ညနေ ၃ နာရီကျော်ခန့်က ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၃)ရှိ သတ္တမတန်း(B)စာသင်ခန်းအတွင်း၌ မောင်ဝေဖြိုးအောင်(ခ)ဟန်မ်ဆားရ်(၁၂)နှစ်၏ ဦးခေါင်းကို ဆွတ်ဂျာအောင်(၁၂)နှစ်က လက်ဖြင့် ပုတ်လိုက်ရာ မောင်ဝေဖြိုးအောင်က လွယ်အိတ်ထဲပါလာသည့် အရိုးအသွား(၈)လက်မခန့်ရှိ မောင်းချဓားဖြင့် ထိုးလိုက်ရာ ဆွတ်ဂျာအောင်၏ ဝဲဘက်ရင်အုံအောက် ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။
အဆိုပါ ထူးခြားဖြစ်စဉ်ကြားသိရသည်နှင့် တပြိုင်နက် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးညွန့်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအေးသွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ခိုင် တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
"သွေး လေးပုလင်းသွင်းရတယ်၊ ခုခွဲစိတ်ခန်းက ထွက်လာပါပြီ၊ ပြစ်မှုကျူးလွန်တဲ့ ကလေးကို ဗန်းမော်မြို့မရဲစခန်း ဒုရဲအုပ်ကျော်ကျော်စိုးရဲ့ ထိန်းသိမ်းမှုအောက်မှာထားပြီး မနက်ဖြန်(ဇွန် ၂၈ ရက်)မှာ တရားရုံးမှာ ထိန်းသိမ်းခွင့်တောင်းခံပါမယ်"ဟု ဗန်းမော်မြို့မရဲစခန်းမှူးဒုရဲမှူးသိန်းဝေမြင့်က ဒီမိုကရေစီတူဒေးသတင်းစာသို့ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝေဖြိုးအောင်(ခ)ဟန်မ်ဆားရ်(၁၂)နှစ်၊ ကချင်စု-ညောင်ပင်ရပ်၊ဗန်းမော်မြို့နေသူအား ဗန်းမော်မြို့မရဲစခန်းက (ပ)၁၆၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထား
ကြောင်း သိရသည်။
ဗန်းမော်ပွင့်သစ်
ကျောင်းစာသင်ခန်းအတွင်း၌ ခုနစ်တန်းကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား
Reviewed by timeayeyar
on
11:14 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment