Latest News

Tuesday, June 13, 2017

ကင်ညာတွင် ခုနှစ်ထပ်တိုက်တစ်လုံး ပြိုကျ၍ ၁၅ ဦး ပျောက်ဆုံးနေ

ကင်ညာတွင် ခုနှစ်ထပ်တိုက်တစ်လုံး ပြိုကျ၍ ၁၅ ဦး ပျောက်ဆုံးနေ

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် ယမန်နေ့ညပိုင်းက ခုနှစ်ထပ်တိုက်တစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေလျက်ရှိကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

အဆိုပါ အဆောက်အအုံနံရံတွင် အက်ကြောင်းများစတွေ့ခဲ့ခြင်းကြောင်း နေထိုင်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီးနောက်ပိုင်း  ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း ကင်ညာရဲတပ်ဖွဲ့က ပြောသည်။

" ဒီဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့သူတွေ အများကြီးရှိနေတယ်လို့ သိရပါတယ်" လို့ ရဲအရာရှိတစ်ဦးက ဆိုသည်။

ပြိုကျခဲ့သည့် ယင်းတိုက်တွင် နေထိုင်ခဲ့သူပေါင်း ၁၂၁ ဦးရှိခဲ့သည်ဟု စာရင်းရထားကြောင်း သဘာဝဘေးဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပူအစ် မာဆိုင်က ပြောသည်။

" ခု သိရသလောက်တော့ လူတစ်ချို့ ပိတ်မိပျောက်ဆုံးနေတယ်၊ ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်" လို့ ၎င်းက ပြောသည်။

ယခုဖြစ်စဉ်မှာ မြို့၏ အရှေ့တောင်ဘက်ရှိ မူကူရူ ကွာ ရူဘင် ရပ်ကွက်တွင် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ငံတွင် ထိုကဲ့သို့ အဆောက်အအုံ ပြိုကျမှုများ မကြာခဏဆိုသလို ပေါ်ပေါက်ထားခဲ့ပြီး ယမန်နှစ် ဧပြီလကလည်း နိုင်ရိုဘီမြို့ အရှေ့မြောက်ပိုင်းတွင် ခြောက်ထပ်အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် လူပေါင်း ၄၉ ဦး သေဆုံးခဲ့ရသည်။

Mizzima

No comments:

Post a Comment