Latest News

Tuesday, June 13, 2017

ကမ္ဘာတစ်ဝန်းတွင် လူ ၁၀ ဦးလျှင် တစ်ဦးအ၀လွန်နေ

ကမ္ဘာတစ်ဝန်းတွင် လူ ၁၀ ဦးလျှင် တစ်ဦးအ၀လွန်နေ

ကမ္ဘာတစ်ဝန်းတွင် လူ ၁၀ ဦးလျှင် တစ်ဦးနှုန်းကျော်သည် အ၀လွန်နေပြီး လူ ၂ ဒသမ ၂ ဘီလျံကျော် အ၀လွန်နေကြောင်း New England ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သော လေ့လာမှုသစ်တစ်ခုက ဖော်ထုတ်ခဲ့သည်။
   
၁၉၈၀ ပြည့်နှစ်ကစတင်ခဲ့သော ယင်းလေ့လာမှုက ထိုနောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်း၌ အ၀လွန်သူမြင့်တက်လာပြီး ၇၃ နိုင်ငံတွင် အ၀လွန်သူဦးရေ နှစ်ဆကျော်တိုးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ၃၅ နှစ်အတွင်း နိုင်ငံပေါင်း ၁၉၅ နိုင်ငံ၌ ဆောင်ရွက်ခဲ့သော ယင်းသုတေသနကို ဇွန် ၁၂ ရက်တွင် စတော့ဟုမ်း၌ ကွန်ဖရင့်တစ်ခုတွင် ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
   
အ၀လွန်မှုနှင့် ပတ်သက်၍ ယခုအချိန်ထိ အကျယ်ပြန့်ဆုံးသော လေ့လာမှုဟု သတ်မှတ်နိုင်သည့် ယင်းသုတေသနကို ၂၀၁၅ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ယင်းသုတေသန၌ ကမ္ဘာတစ်ဝန်းတွင် ကလေးငယ် ၁၀၇ ဒသမ ၇ သန်းနှင့် အရွယ်ရောက်ပြီးသူ ၆၀၃ ဒသမ ၇ သန်းသည် အ၀လွန်ကြောင်း ဖော်ပြခဲ့သည်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အကျပ်အတည်းကို အ၀လွန်မှုက ထိခိုက်စေနိုင်ကြောင်း သုသေတနပညာရှင်များက ပြောခဲ့သည်။
   
၂၀၁၅ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် အ၀လွန်သူ ၂ ဒသမ ၂ ဘီလျံရှိခဲ့ပြီး ယင်းသည် ကမ္ဘာလူဦးရေ၏ ရာခိုင်နှုန်း ၃၀ ရှိကြောင်း လေ့လာမှုကဆိုသည်။ ၂၀၁၄ ခုနှစ်က အ၀လွန်လွန်းသူ သန်း ၆၀၀ ကျော်အပါအ၀င် အ၀လွန်သူ ၁ ဒသမ ၉ ဘီလျံရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းသည်။

Eleven Media Group

No comments:

Post a Comment