“လွှတ်တော်အတွင်း ဓားထိုးမှု့ ဖြစ်ပွားခဲ့တဲ့ အမှုမှာ ဓားနဲ့ထိုးသူ အမျိုးသမီးအား ထောင်ဒဏ်ခြောက်လချမှတ်”
နေပြည်တော် ဇွန် ၉ ။ ။ လွှတ်တော်အတွင်း ၀န်ထမ်းအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ရာမှာ တရားခံ အမျိုးသမီးကိုယနေ့( ဇွန် ၉) ရက်နေ့မှာ ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဓားဖြင့်အထိုးခံရသည့် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ကိုစိုးစံက “ သည်လိုနေရာမှာ ဖြစ်တာတောင် ခြောက်လပဲကျတယ်၊ ဖုန်းတစ်လုံးခိုးရင်တောင် ထောင်သုံးနှစ်လောက်ကျတာ၊ မဖြစ်သင့်ဘူးပေါ့” လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ရက်နေ့က ပြည်သူ့လွှတ်တော်ဝန်းအတွင်းမှာ လက်ကိုင်ဖုန်းများကို အရစ်ကျရောင်းချထားတဲ့ အကြွေးတောင်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လက်ကိုင်ဖုန်းများကို အရစ်ကျ ရောင်းချသူမှာ ပြည်သူ့လွှတ်တော်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်ရှိသူ အမျိုးသမီးက ရုံးအကူအမျိုးသမီးကို ရောင်းချခဲ့တာ ဖြစ်ပြီး၊ အကြွေးတောင်းရာမှ မကျေနပ်ရာကနေ ဓားနဲ့ ထိုးတဲ့ အဆင့်ထိဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း ရဲမှတ်တမ်းများအရသိရပါတယ်။
“၀န်ထမ်းစည်းမျဉ်းထဲမှာ ၀န်ထမ်းအချင်းချင်း ပြသာနာဖြစ်ရင် နှစ်ဖက်စလုံးကို အရေးယူရမယ်လို့ကြားဖူးတာပဲ၊ အဲလိုတော့ဖြစ်စေချင်တာပေါ့ ”လို့ ပြစ်ဒဏ်ချမှတ်ခံရသူ အမျိုးသမီးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
ဓားထိုးခံရသူ အမျိုးသမီးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီ ဖြစ်တာကြောင့် ရုံးတက်ပြီး အလုပ်ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
ဝန်ထမ်းအချင်းချင်းဓားထိုးမှု ဖြစ်ပွားသည့် ဖြစ်ရပ်မျိုးသည် လွှတ်တော်အတွင်းပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ကျူးလွန်သူ တရားခံကို ရာဇသတ်ကြီး ပုဒ်မ ၃၂၄ နဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့လည်း သိရပါတယ်။
Author – မိုးမိုး
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment