Latest News

Tuesday, June 27, 2017

ဟင်္သာတမြို့အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ ပြခန်းများပြပွဲ အခန်းအနား သည်အရင်နှစ်များထက်သာကြောင်း


ဟင်္သာတမြို့အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ
အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ ပြခန်းများပြပွဲ အခန်းအနား သည်အရင်နှစ်များထက်သာကြောင်း

၂၀၁၇ ဇွန် ၂၆ ( ဟင်္သာတ)

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ယနေ့မနက် ၉ နာရီအချိန်ခန့်တွင် မြို့၏ အ.ထ.က ၅ ကျောင်းခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား နှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုတီိယ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတင့်ဝေ မှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သ၀ဏ်လွှာအားဖတ်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်ဥပဒေအရာရှိ ဒေါ်ခင်ထွန်းမော်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ  ဥပဒေအကြောင်း သိကောင်းစရာများဟောပြောတင်ပြခဲ့ပြီး  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့်ကျမ်းမာရေးအသိပညာပေးမှုများကို Dr ဒေါ်အေးမြင့်ရီ ခရိုင်ဆေးရုံကြီးမှ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ပြိုင်ပွဲတွင်ဆုရရှိသူများအား တိုင်းဒေသကြီး  လွတ်တော်ကိုယ်စားလှည် ဦးကျော်စိုး၊ ဦးအောင်ကိုကိုဦး ၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ဌာနဆိုင်ရာ  တို့မှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဟင်္သာတခရိုင်အတွင်းဆုရရှိသူများမှာ အခြေခံပညာဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉ ဦးရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့်ဧည့်သည့် တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ပြီး နေ့လည် ၁၁ နာရီ ၃၀ မီနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရှိရသည်။
" အရင်နှစ်တွေနဲ့စာရင် ဒီနှစ် ပြိုင်ပွဲဝင်တဲ့ခလေးတွေလဲများလာတယ် လာတဲ့ဧည့်သည်တွေလဲများတယ် ပြခန်းတွေလဲရှိတာကို လူတွေလဲစိတ်ဝင်စားမှုရှိတာတွေ့ရတယ် ခလေးတွေကျောင်းသားလူငယ်တွေစိတ်ဝင်စားတာ ဝမ်းသာစရာပါ  ဒီထက်ပိုလုပ်နိုင်ရင်တော့ပိုကောင်းမယ်" လို့ ဆုရှိသူ ကျောင်းသားမိခင် မနွယ်နွယ် ထံမှသိရသည်။

အခန်းအနားအပြီးတွင် ပြခန်းများကြည့်ရှူခြင်း မှတ်တန်းတင် ဓါတ်ပုံများ ရိုက်ကြခြင်းဖြင့် အခန်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ကြောင်းသိရသည်။

Ko Yan Naing (Hinthada)








No comments:

Post a Comment