Tuesday, June 6, 2017
ခဲဘိုးတောင်းရာမှ ဓားခုတ်မှုဖြစ်ပွားပြီး သတိုးသမီးဖခင်သေဆုံး
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မကျီးပင်ပုကျေးရွာတွင် ဇွန်လ ၅ ရက် ည ၉ နာရီအချိန်ခန့်တွင် ခဲဘိုးတောင်းရာမှ ဓားခုတ်မှုဖြစ်ပွားပြီး သတိုးသမီးဖခင်သေဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကျီးပင်ပုရွာ တွင် မင်္ဂလာဆောင်ရန်အတွက် ခဲဘိုးတောင်းရာမှ အချင်းများကြပြီး သတို့သမီးဖြစ်သူ၏ဖခင် ဦးလှထွန်း ၅၃ နှစ်အား တင်စိုးလင်း ၃၆ နှစ်ကဓားမဖြင့် ခုတ်လိုက်ရာ ဦှးလှထွန်းတွင် ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွား သဖြင့် သေဆုံးသူ ဦးလှထွန်း၏ ညီတော်စပ်သူဦးထွန်းဦးက စလင်းရဲခန်းသို့ အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားသဖြင့် စခန်းမှူးဒုရဲမှူးဝင်းနိုင်ကပြစ်မှုကျူးလွန် သူကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
စစ်ကြည်(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခဲဘိုးတောင်းရာမှ ဓားခုတ်မှုဖြစ်ပွားပြီး သတိုးသမီးဖခင်သေဆုံး
Reviewed by timeayeyar
on
8:55 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment