Latest News

Tuesday, June 27, 2017

အခြေအမြစ်မရှိ စွပ်စွဲနေတာတွေကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဝန်ကြီးပြော

အခြေအမြစ်မရှိ စွပ်စွဲနေတာတွေကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဝန်ကြီးပြော

အခြေအမြစ်မရှိဘဲ စွပ်စွဲဆန္ဒပြနေတာတွေကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောကြားလိုက်ပါတယ်။
ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဝန်ကြီး သူရဦးအောင်ကို က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးရာထူးဟာ ပြည်သူတွေ ရွေးချယ်ထားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ခန့်အပ်ထားတာဖြစ်တာကြောင့် ဆန္ဒပြတိုင်း နှုတ်ထွက်သွားမှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ သာသနာတော်သန့်ရှင်းရေးအတွက် စီမံချက်ရေးဆွဲသွားမှာဖြစ်ကြောင်းနဲ့ တမန်တော်နေ့အခမ်းအနားတွေကို အစိုးရသစ်တက်လာပြီး ၂ဝ၁၆ ခုနှစ်အတွင်းမှာ နိုင်ငံအနှံ့ကျင်းပ နေတာကို ခွင့်မပြုသင့်ကြောင်း နဲ့ ဆက်လက်ခွင့်ပြုပေးနေတာကို နိုင်ငံရေးတိုက်ကွက်အဖြစ် အသုံးချနေတယ်လို့ မြင်ကြောင်း သူရဦးအောင်ကို က ပြောပါတယ်။

ဒါ့အပြင် သူ့ကို နုတ်ထွက်ပေးဖို့တောင်းဆိုသလို ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူတွေက ဆန္ဒထုတ်ဖော်ပြီး ပြင်ဆင်ပေးမယ်ဆိုရင် သူ့အနေနဲ့ရာထူးက နှုတ်ထွက်ပေးသွားမှာဖြစ်ကြောင်း လည်း သူရဦးအောင်ကို က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်နဲ့မန္တလေးမြိှု့တွေမှာ သာသနာရေးဝန်ကြီးရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဆန္ဒပြပွဲတွေမှာ သီလရှင်တွေပါဝင်တာကို တွေ့ရကြောင်း၊ အဲဒီသီလရှင်တွေကို ၂၀၁၅ ခုနှစ်လောက်ကစတင်ပြီး မဘသ အဖွဲ့ကြီးက တစ်ပါးကို တစ်နှစ်ငွေကျပ် နှစ်သောင်းထောက်ပံ့ ထားတယ်လို့ သတင်းရရှိထားကြောင်းလည်း ပြောပါတယ်။

Photo: Win Naung Toe/RFA

No comments:

Post a Comment