Friday, June 23, 2017
တာချီလိတ်တွင် အမျိုးသားတစ်ဦး တူမီးသေနတ်တိုဖြင့် မိမိကိုယ်ကိုယ် ပစ်သတ်သေဆုံး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာ ၊ မိုးနှင်းဘုရားအနီးရှိ နေအိမ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် တူမီးသေနတ်တိုဖြင့် ပစ်သတ်သေဆုံးမှု ဇွန်လ(၂၃)ရက်နေ့ နံနက်(၁၀)နာရီ ၀န်းကျင်အချိန်က ဖြစ်ပွားကြောင်း သိရသည်။
မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်သေဆုံးသူမှာ အသက်(၃၆)နှစ်ရှိ စောလု ဖြစ်ပြီး ၎င်းသည် အိပ်ယာပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သော်လည်း မည်သည့်အကြောင်း ကိစ္စကြောင့် ယခုလို ပြုလုပ်သွားခြင်း ဖြစ်ကြောင်းကို မသိရကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ တာချီလိတ်နာရေးကူညီမှုအသင်းမှ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net
တာချီလိတ်တွင် အမျိုးသားတစ်ဦး တူမီးသေနတ်တိုဖြင့် မိမိကိုယ်ကိုယ် ပစ်သတ်သေဆုံး
Reviewed by timeayeyar
on
9:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment