Latest News

Sunday, June 11, 2017

တင်ပါးအဝန်း၈ပေနဲ့ ၄၄နှစ်အရွယ် ကမ္ဘာ့တင်ပါးအကြီးဆုံး အမျိုးသမီး

တင်ပါးအဝန်း၈ပေနဲ့ ၄၄နှစ်အရွယ် ကမ္ဘာ့တင်ပါးအကြီးဆုံး အမျိုးသမီး

အသက် (၄၄)နှစ်ရွယ် Mikel Ruffinelli ဆိုတဲ့ အမေရိကန် အမျိုးသမီးဟာ လက်ရှိ ကမ္ဘာ့တင်ပါးအကြီးဆုံးအမျိုးသမီး အဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။သူမရဲ့ ကိုယ်အလေးချိန်ကတော့ ပေါင်(၁၄၀)ကျော်ရှိပြီး၊အရပ်ကတော့ (၅)ပေ၊ (၄)လက်မရှိပါတယ်။ခါးဆိုဒ်(၃)ပေ(၄) လက်မရှိပြီး၊တင်ပါးအ၀န်းကတော့(၈)ပေရှိပါတယ်။

ပုံမှန်ထက်အရမ်းကိုကြီးတဲ့ တင်ပါးအရွယ်အစားကို ပိုင်ဆိုင်ထားပေမယ့် သူမကတော့ “ကျမခန္ဓာကိုယ်ပုံစံကို ကျမချစ်တယ်။ ကျန်းမာရေးအတွက် ပြသာနာမရှိသရွေ့တော့ ၀ိတ်ချဖို့ စိတ်ကူး လုံးဝမရှိပါဘူး” လို့ဆိုပါတယ်။သူမရဲ့ တင်ပါးကြောင့် လူအများရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပြီး၊လှောင်ပြောင်သရော်တာတွေ ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း သူမကတော့ ဒီလိုမှတ်ချက်စကားတွေအပေါ် ဂရုမစိုက်ပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ငယ်စဉ်တုန်းကတော့ ခန္ဓာကိုယ်အချိုးအစားဟာ ပုံမှန်အတိုင်းပါ။ဒါပေမယ့် အသက်(၂၀)လောက်ကစပြီး ပေါင်ချိန်တွေ တဟုန်ထိုးမြင့်တက်လာ ခဲ့ကာ ပေါင်(၁၈၀)အထိရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပိုများလာခဲ့တာပါ။

သူမဟာနေ့စဉ် ကယ်လိုရီပျှမ်းမျှ ငါးထောင်စားပါတယ်။ဆေးပညာရှုထောင့်ကကြည့်ရင်တော့ ဒါဟာ Lipedema ဆိုတဲ့အဆီတစ်ရှူးတွေ တဟုန်ထိုး စုပုံများပြားတာကြောင့် အခုလိုဖြစ်ရတာလို့ ဆိုပါတယ်။

Ref; wikipedia,dailymail

Shwemom

No comments:

Post a Comment