Latest News

Tuesday, June 27, 2017

နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်စေရေးကြိုးပမ်းရန် အမေရိကန်နှင့် အိန္ဒိယခေါင်းဆောင်တို့ သန္နိဋ္ဌာန်ပြု

နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်စေရေးကြိုးပမ်းရန်
အမေရိကန်နှင့် အိန္ဒိယခေါင်းဆောင်တို့ သန္နိဋ္ဌာန်ပြု

ဝါရှင်တန် ဇွန် ၂၇

အမေရိကန်နှင့် အိန္ဒိယဆက်ဆံရေး ခိုင်မာ တိုးတက်မှုသည် မိမိတို့နှစ်နိုင်ငံစလုံးအတွက် အရေးကြီးသည်ဟု သမ္မတဒေါ်နယ်လ်ထရန့်နှင့် ဝန်ကြီးချုပ်နရိန္ဒြာမိုဒီတို့ကသန္နိဋ္ဌာန်ပြုပြောကြားကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်နှင့်  အိန္ဒိယနိုင်ငံတို့သည် စီးပွားရေးအရ  မိတ်ဖက်ပြုဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် ကြိုးပမ်းကြ မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက သဘော တူညီကြကြောင်း မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူ တော်၌ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အက်စ်ဂျေရှန် ကာက သတင်းထောက်များအား ပြောကြားသည်။ နှစ်နိုင်ငံစလုံးအတွက်   အပြန်အလှန် အကျိုးကျေးဇူးရရှိစေမည့်   အခြေခံမူဖြင့် ကမ္ဘာ့အင်အားကြီးစီးပွားရေးတည်ရာ နိုင်ငံတို့အကြား စီးပွားရေးအရ မိတ်ဖက်ပြုဆောင် ရွက်ကြရန်  သမ္မတထရန့်နှင့် ဝန်ကြီးချုပ်မိုဒီတို့ သဘောတူညီကြကြောင်း ဂျေရှန်ကာက ပြောကြားသည်။

စီးပွားရေးအကြောင်းရပ်အနေဖြင့် ခေါင်းဆောင်နှစ်ဦးတို့သည် အမြော်အမြင်ကြီးမားလှ သည့် ဆွေးနွေးမှုများ  ပြုလုပ်ခဲ့ကြကြောင်း၊ မိမိတို့နှစ်နိုင်ငံစလုံး၌   စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ  ပြုလုပ်လျက်ရှိကြရာ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များကို ဖန်တီးပေးလာနိုင်မည်ဖြစ်ကြောင်း ဂျေရှန်ကာ က ပြောကြားသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ရပ်များအဖြစ် မြို့ပြလေကြောင်းဈေးကွက်နှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်တို့ကို ဂျေရှန်ကာ က ညွှန်းဆိုသည်။ လာမည့်နှစ်မှ အစပြု၍ သဘာဝဓာတ်ငွေ့ရည် (အယ်လ်အင်န်ဂျီ) ကို အမေရိကန်က အိန္ဒိယသို့ ပေးပို့တော့မည်ဖြစ် ကြောင်း၊ အိန္ဒိယ-အမေရိကန် အယ်လ်အင်န်ဂျီ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄ဝ ကို ကျော်လွန်လိမ့်မည်ဟု မျှော် လင့်ရကြောင်း ၄င်းက ပြောကြားသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ်များ၊ ဈေးကွက်ဝင်ရောက်ခွင့်၊ ဥပဒေစည်းမျဉ်းဆိုင်ရာ အတားအဆီးများစသည့် အကြောင်းရပ်များကို  ခေါင်းဆောင်နှစ်ဦး  ဆွေးနွေးခဲ့ကြပြီး လွတ်လပ်ပြီးမျှတသည့် ကုန်သွယ်ရေးအရေး ကြီးပုံကို ခေါင်းဆောင်နှစ်ဦးစလုံးက အလေးအနက်ပြုပြောကြားခဲ့ကြကြောင်း ဂျေရှန်ကာက ဆိုသည်။

အိန္ဒိယနှင့်အမေရိကန်ခေါင်းဆောင်များသည် အိပ်ခ်ျ-၁ ဘီအမျိုးအစား ဗီဇာကိစ္စနှင့် ပတ်သက်၍လည်း   ဆွေးနွေးခဲ့ကြကြောင်း ဂျေရှန်ကာက ပြောကြားသည်။  

ပီတီအိုင်။
ကြေးမုံ

No comments:

Post a Comment