Latest News

Thursday, June 15, 2017

နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာ အားမာန်စိုက်ခင်းကြီးကြပ်သူကို ဓားဖြင့်ခုတ်၊ မီးရှို့သတ်ကြသူများအား ဖော်ထုတ်ဖမ်းဆီးရမိ


နောင်ချို ဇွန် ၁၅

နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာ အားမာန်ကုမ္ပဏီစိုက်ခင်း၌ စိုက်ခင်း ကြီးကြပ်သူ ဦးငွေစိုး (၄၉ နှစ်)သည် မေ ၂၄ ရက် စိုက်ခင်းရုံးခန်း၌ရှိနေစဉ် လူတစ်စုက ယာဉ်ငယ်တစ်စီးဖြင့် နောက်ဖုံးတွင်ထည့်လျက် ခေါ်ဆောင် သွားခဲ့သည်။

မေ ၂၇ ရက်တွင် နောင်ချိုမြို့မရဲစခန်း သို့ သွားရောက်အကြောင်းကြားခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်မျိုး လတ်နှင့် တပ်ဖွဲ့ဝင်များသည် သတင်း ပေးပို့ချက်အရ နောင်ချိုမြို့နယ် ကုန်းသာ ကျေးရွာနှင့် ငါးဆူကျေးရွာသွား ကျောင်းခင်း လမ်း၏ ဝဲဘက် ပေ ၆ဝ ခန့် အကွာရှိ ဝါးရုံပင်အောက်၌ တွေ့ရသည့် မီးရှို့ခံထားရသော ကုပ်ပိုးပြတ်ရှဒဏ်ရာ နှင့် ခန္ဓာကိုယ်မီးလောင်ကာ ရုပ်ပျက်နေ သည့် အမျိုးသားတစ်ဦး၏အလောင်းအား စစ်ဆေးရာ အားမာန်စိုက်ခင်းမှ စိုက်ကွင်း ကြီးကြပ်သူ ဦးငွေစိုးဖြစ်ကြောင်း သိရ သည်။

စိုက်ခင်း လုံခြုံရေးတာဝန်ခံက နောင်ချိုမြို့မရဲစခန်းသို့ တိုင်ကြားချက် အရပြစ်မှုကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် နောင်ချိုမြို့မ ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွေး၏ ကြီးကြပ်မှု ဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးတင့်ခိုင်နှင့် တပ်ဖွဲ့ဝင်များက နယ်မြေခံပြည်သူများ နှင့် ပူးပေါင်း၍ ပြစ်မှုဖြစ်ပွားပြီး ငါးရက် အတွင်း ဦးငွေစိုး (၄၉ နှစ်)အား ဓားဖြင့် ခုတ်သတ်၊ မီးရှို့ရာ၌ စီစဉ်ကြီးကြပ် ဦးဆောင်သူ နောင်ချိုမြို့နယ်နေ သြဇေယျ(ခ) စိုင်းအောင်ကျန် (၄၇ နှစ်)၊ ဝင်းနိုင်(ခ)ရှမ်းကြီး (၄၇ နှစ်)၊ အိုက်လူး (ခ) စိုင်းစိုးသိန်း (၃ဝ နှစ်)၊ အိုက်ပီး(ခ)သိန်းဌေး (၂၂ နှစ်)၊ ပြင်ဦးလွင်မြို့နယ်နေ ဓားဖြင့်ခုတ်သတ်သူ ထွန်းဦး (၃၂ နှစ်)၊ မီးရှို့ရာတွင် ပါဝင်သူ ကျော်ဆွေ(ခ) ဖိုးလုံး (၅၁ နှစ်)၊ နောင်ချိုမြို့နယ်နေထိုင်သူ ပြစ်မှုကျူးလွန်သူ ခြောက်ဦး တို့ကို သက်သေခံ ဓားရှည် သုံးပေခန့်၊ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြု ခဲ့သော ယာဉ် နှစ်စီးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိသဖြင့် နောင်ချိုမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးဝင်း (နောင်ချို)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment