Latest News

Friday, June 30, 2017

ဧရာဝတီတိုင်းက ငါးပိလုပ်ငန်းရှင်အချို့ အခက်တွေ့နေဟုဆို

ဧရာဝတီတိုင်းက ငါးပိလုပ်ငန်းရှင်အချို့ အခက်တွေ့နေဟုဆို

ဧရာဝတီတိုင်းက ငါးပိကြိတ်စက်နဲ့ လုပ်ငန်းရှင်၊ ပွဲစားတွေကို ခွင့်မပြုဆိုးဆေး လုံးဝအသုံးမပြုရဘူးဆိုပြီး ဝန်ခံကတိ ထိုးခိုင်းထားတာ ဖြစ်ပါတယ်။

နေပြည်တော်၊ ဇွန် ၂၈ - ဧရာဝတီတိုင်းက မျှင်ငါးပိလုပ်ငန်းရှင်တွေကို ခွင့်မပြုဆိုးဆေးပိတ်ပင်ခဲ့တာကြောင့် ဈေးကွက်ထိုးဖောက်မှု လျော့ကျနေတယ်လို့ ငါးပိလုပ် ငန်းရှင်အချို့က ဆိုပါတယ်။

ငါးပိအများဆုံးထွက်ရှိတဲ့ ဧရာဝတီတိုင်းက ငါးပိကြိတ်စက်နဲ့ လုပ်ငန်းရှင်၊ ပွဲစားတွေကို ခွင့်မပြု ဆိုးဆေးလုံးဝအသုံးမပြုရဘူး ဆိုပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ဝန်ခံကတိ ထိုးခိုင်းထားတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ငါးပိအများဆုံးထွက်ရှိတဲ့ ရွာသုံးရွာက ကဒုံကနိကျေးရွာ၊ နောက်မှီးကျေးရွာနဲ့ အရှေ့ဖျား ကျေးရွာဖြစ်ပါတယ်။ အဲသည်ရွာ နှစ်ရွာမှာတစ်ရွာကို လုပ်ငန်းရှင် ၅၀ ဦးအထိရှိပြီးတစ်ဦးကို ပိဿာ ချိန် ၅၀,ဝ၀ဝ ဆံ့ ကန် ၁၀ ကန်နဲ့ ငါးပိကိုသိုလှောင်ထားကြပါတယ်။

ကဒုံကနိကျေးရွာက တစ်နှစ်ကို ငါးပိတန်ချိန် သိန်းချီပြီးထွက်တဲ့ လုပ်ငန်းရှင်ဦးဌေးဝင်းက “ပထမဦးဆုံးလုပ်ခါစကတော့ အရောင်း အဝယ်နည်းတယ်၊ တချို့ကျတော့လဲ ဒါတွေကို ဆက်သုံးတာတွေရှိတယ်၊ ပုတ်ခတ်တာတော့ မဟုတ် ဘူးပေါ့နော်၊ အဲဒီမှာ ဈေးကွက်မှာ သွားဆုံတော့ ကိုယ့်ကုန်က လုံးဝ အရောင်မလှတော့ တော်တော် လေး ပြောယူရတာလဲရှိပါတယ်” လို့ ပြောပါတယ်။

အက်ဖ်ဒီအေက ခွင့်မပြုဆိုး ဆေး အသုံးမပြုဖို့နဲ့ ဆိုးဆေးအ သုံးပြုထားပြီးသား ငါးပိကို ဈေးကွက်အတွင်း မဖြန့်ဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းပေမဲ့လည်း ဈေးကွက်အတွင်းမှာ ဆက်ပြီး ရောင်းချနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

လုပ်ငန်းရှင်တွေက ငါးပိတွေကို အရောင်လှအောင်  အပြိုင်အ ဆိုင် ဆေးဆိုးကြပြီး ဈေးကွက်အတွင်း ထိုးဖောက်လာတာဟာ ဆယ်စုနှစ် တစ်ခုခန့် အချိန်ကြာ မြင့်နေပါပြီ။ စားသုံးသူကလည်း အဲသည်ခွင့်မပြုဆိုးဆေးကို သတိ မမူတော့ဘဲ စားသုံးနေကြတာဖြစ် ပါတယ်။

“ဟိုးအရင်ကတော့ ဆိုးဆေးတွေ ဆိုးတာပေါ့၊  အခုနောက်ပိုင်း ဆိုးဆေးမသုံးဘူးဆိုတာကို လက်မှတ်ထိုးထားတာလေ၊ မဆိုးတော့ဘူး၊ ဆိုးဆေးက ဈေးသိပ်မရှိပေမဲ့ ဆိုးဆေးဆိုးရတာ အလုပ်တော်တော်လေးရှုပ်တယ်၊ အခုမဆိုးရ တော့ အေးအေးဆေးဆေးပဲ”လို့ ဧရာဝတီတိုင်း အရှေ့ဖျားက ငါးပိ တန်ချိန်များစွာထွက်ရှိတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။


အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က “အခုဆရာတို့ လူအ များဆုံးစည်တဲ့ဈေးတွေကို စစ်တယ်၊ ပျဉ်းမနားဈေးက ငါးပိ ၁၂ မျိုးကို အမယ်ယူတယ်၊ ၁၁ မျိုးမှာ ခွင့်မပြုဆိုးဆေးတွေ့တယ်၊ ဒါပေမဲ့လဲ ရောင်းတဲ့သူကိုယ်တိုင်က ဆေးဆိုးထားတယ်၊ မဆိုးဘူးကို မသိတာတွေလဲ ရှိနေတယ်၊ ဒါ ကြောင့် ပင်မ သူတို့ယူတဲ့နေရာအထိကိုအဆင့်ဆင့် လိုက်နေရတယ်”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အ စားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာ ပြည့်ဖြိုးက “ဈေးကွက်အတွင်းမှာ ခွင့်မပြုဆိုးဆေးတွေ တွေ့နေလို့ အဲဒီငါးပိအများဆုံးထွက်တဲ့ ရွာသုံးရွာကို ရှေ့ တစ်ပတ်မှာ  ထပ်စစ်သွားမှာပါ”လို့ ပြောပါတယ်။

ဆေးဆိုးထားတဲ့မျှင်ငါးပိတွေဟာ ဈေးနှုန်းမှာ ကွဲပြားပြီး  အမျိုးအမည်ပေါင်း၁၀ မျိုးခန့်ရှိတယ်။ အဲသည် ဆေးဆိုးထားတဲ့မျှင်ငါးပိကိုစားရင်အစာအိမ်ရဲ့အူလမ်းကြောင်းမှာ အနာဖြစ်စေနိုင်ပြီး နောက်ဆုံးကင်ဆာရောဂါအထိ ဖြစ်နိုင်ခြေရှိတယ်လို့ ဒေါက်တာထွန်းလင်းအောင်က ရှင်းပြပါတယ်။

မျှင်ငါးပိကို ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ Rhodamine B တွေ့ရှိတာကြောင့် စားသုံးရန်မသင့်တဲ့ အစားအစာဖြစ်တယ်လို့ သိရပါ တယ်။

ဧရာဝတီတိုင်းက ငါးပိလုပ် ငန်းရှင်တစ်ဦးက ‘အဓိကကတော့ စားသုံးသူပဲ၊ အမှန်တကယ် အရောင်အသွေးကို ထည့်မတွက်ဘဲ  အရသာကိုပဲကြည့်မယ်ဆိုရင်  ဘာ မှပြောစရာမရှိဘူး၊ အခု ကိုယ်ကမဆိုးတော့ တခြားငါးပိနဲ့ ယှဉ် တယ်၊ ဈေးကွက်ထဲမှာတော့ စကားတော့ တော်တော်လေး ပြောယူရတယ်”လို့ ပြောပါတယ်။

အက်ဖ်ဒီအေရဲ့မှာကြားချက် ကြောင့် ငါးပိကို ဆေးမဆိုးတဲ့လုပ် ငန်းရှင်တချို့ဟာ ဈေးကွက်အတွင်းမှာ အပြိုင်အဆိုင်ရောင်းချတဲ့ အခါမှာ အခက်အခဲရှိနေတယ်လို့  ဧရာဝတီတိုင်းက ငါးပိလုပ်ငန်းရှင် တချို့ရဲ့ပြောပြချက်အရ သိရပါ တယ်။

မိုးမိုး(Kumudra)


No comments:

Post a Comment