မဲဆောက်-ဘန်ကောက် အဝေးပြေး လမ်းမကြီးတွင် ၁၀ ဘီးကား
တိမ်းမှောက်ခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး ဒဏ်ရာရရှိ
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာလာသည့် ၁၀ ဘီး ကုန်တင်ယာဉ်တစ်စီး မဲဆောက်-ဘန်ကောက် အဝေးပြေးလမ်းမကြီး မိုင်တိုင် ၁၈ ကီလိုမီတာနှင့် ၁၉ ကီလိုမီတာကြားတွင် ဇွန် ၃ ရက် ည ၇ နာရီခန့်က တိမ်းမှောက်ခဲ့ရာ မြန်မာအလုပ်သမား ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဘက်မှ လာသောသတင်းများအရ သိရသည်။
အဆိုပါ ၁၀ ဘီး ကုန်တင်ယာဉ်ပေါ်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၄၀ ကို တင်ဆောင်လာပြီး မဲဆောက်မှ ဘန်ကောက်သို့ ထွက်ခွာလာစဉ် မိုင်တိုင် ၁၈ ကီလိုမီတာနှင့် ၁၉ ကီလိုမီတာကြား အရောက်တွင် လမ်းချော်ကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ မရှိခဲ့သော်လည်း ၂၀ ဦး ဒဏ်ရာရရှိကာ ယင်းလူနာများအား လမ်းကင်းလုံခြုံရေးရဲအဖွဲ့က မဲဆောက်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့သည်ဟုမဲဆောက်မြို့မှ Mr.Jojosomjit က ပြောကြားသည်။
ယဉ်မတော်တဆမှု ဖြစ်ပွာသည့်နေရာမှာ မဲဆောက်မြို့မှ ၁၇ ကီလိုမီတာအကွာရှိ Asian Road, Pwowo Police Station အနီးတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဒဏ်ရာရသူများအား မဲဆောက်ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ကြောင်း မြန်မာအလုပ်သမားများတွင် အထောက်အထား ရှိ၊ မရှိနှင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ၀င်ရောက်လာခြင်း ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာဌာနက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုရွှေသိန်း (မြ၀တီ)
Eleven
Saturday, June 3, 2017
မဲဆောက်-ဘန်ကောက် အဝေးပြေး လမ်းမကြီးတွင် ၁၀ ဘီးကား တိမ်းမှောက်ခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး ဒဏ်ရာရရှိ
မဲဆောက်-ဘန်ကောက် အဝေးပြေး လမ်းမကြီးတွင် ၁၀ ဘီးကား တိမ်းမှောက်ခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး ဒဏ်ရာရရှိ
Reviewed by Ar Ti
on
10:56 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment