Latest News

Friday, June 30, 2017

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု အသုံးပြုနေသူများကို ဖမ်းဆီး စစ်ဆေး


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် ဈေးဝယ်နေသည့်သူ (၅)ဦး အား ဇွန်လ(၂၉)ရက်က ဖမ်းဆီးကာ စစ်ဆေးနေကြောင်း ပေါက်တောမြို့မ ရဲစခန်းက သိရှိရသည်။

 ပေါက်တောမြို့နယ်၊ ကံချောင်းကျေးရွာတွင် လူစိမ်း(၅)ဦးမှ တစ်သောင်းတန် ငွေစက္ကူများဖြင့် ဈေးဝယ်ရာမှ မသင်္ကာဖွယ်တွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးရာ တစ်သောင်းတန် ငွေစက္ကူအတု (၁၂) ရွက်တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဖမ်းမိတဲ့အထဲမှာ လင်မယားနှစ်ယောက်ပါတယ်။ တစ်သောင်းတန်တွေနဲ့ ဈေးဝယ်ရာကနေတဆင့် သူတို့ သုံးတဲ့ တစ်သောင်းကျပ်တန်တွေကို မသင်္ကာလို့ စစ်ဆေးရာကနေ ဖော်ထုတ်မိတာပါ။“ဟု ပေါက်တော မြို့မ ရဲစခန်းမှ ရဲအုပ်သန်းဌေး ကပြောသည်။

ဖမ်းဆီးရမိသူ (၅)ဦးတွင် ငွေစက္ကူအတုများ၏ ပိုင်ရှင်ဇော်ဝင်းထွဋ်(၂၆)နှစ်နှင့် လှခင်သိန်း(၂၃)နှစ်တို့ လင်မယား (၂)ဦးမှာ ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့တွင် နေထိုင်သူများဖြစ်ကြပြီး ကျန်(၃)ဦးမှာ ပေါက်တော မြို့နယ်၊ ကြံခင်းကျေးရွာနှင့် ငပြီတတ်ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။

အဆိုပါ (၅)ဦးကို ပေါက်တောမြို့မ ရဲစခန်းတွင် (ပ)၈၁/၂၀၁၇၊ ဗဟိုဘဏ်ဥပဒေပုဒ်မ(၁၀၅)၊ (၁၀၆) တို့ဖြင့် အမူဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment