Latest News

Tuesday, June 27, 2017

ဝေဟင်မှမြေပြင်ပစ်ဒုံးကျည် ၁၀ စင်း တောင်ကိုရီးယားမှာ အမေရိကန် အသင့်တပ်ဆင်

ဝေဟင်မှမြေပြင်ပစ်ဒုံးကျည် ၁၀ စင်း တောင်ကိုရီးယားမှာ အမေရိကန် အသင့်တပ်ဆင်

တောင်ကိုရီးယားရှိအမေရိကန်တပ်ဖွဲ့(USFK) ဟာ ဆိုးလ်မြို့နဲ့ ကီလိုမီတာ ၁၈၀ အကွာခန့်က မြောက်ဂျိုလာ ပြည်နယ်တွင်းက ကွန်ဆန်မြို့အနောက် ဘက် ကွန်ဆန်လေတပ်စခန်းမှာ ဝေဟင်ကနေ မြေပြင်ပစ် စတန်းအော့ဖ် မစ်ဆိုင်းဒုံး (JASSM) ၁၀ ခုကို အသင့်နေရာချထားတယ်လို့ တောင်ကို ရီးယား မီဒီယာတွေက ဖော်ပြကြပါတယ်။

ကာကွယ်ရေးဆိုင်ရာသတင်းအရင်းအမြစ်မျိုးစုံကလည်း သည်တာဝေး အထိရောက်နိုင်ပြီး တိကျတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို နေရာချထားတဲ့ အကြောင်း တနင်္လာနေ့ကအတည်ပြုပေးခဲ့သလို အမေရိကန် တပ်ဖွဲ့ဝင် တွေဟာလည်း မြောက်ကိုရီးယားရဲ့ခြောက်ကြိမ်မြောက်နျူစမ်းသပ် မှုကြောင့် သည် JASSM ကို တကယ့်တိုက်ပွဲဝင်ပုံစံတူဖန်တီးပြီး ပစ်ခတ်လေ့ကျင့်မှုပြုလုပ်ဖို့စီစဉ်နေတယ်လို့ ပြောပါတယ်။
‘ ကျွန်တော်သိသလောက်ဆိုရင်တော့ USFK ဟာ မြောက်ကိုရီးယားက နောက်ထပ်ရန်စတာတွေ လုပ်မှာ စိုးလို့ လူသိရှင်ကြား ပုံစံတူစမ်းသပ် ပစ်ခတ်တဲ့လေ့ကျင့်မှုတစ်ရပ်ပြုလုပ်ဖို့ စဉ်းစားနေတယ်’ လို့သတင်းအရင်း အမြစ် တစ်ဦးက ယွန်ဟပ်သတင်းအေဂျင်စီကိုပြောပါတယ်။

လော့ဟိမာတင်ထုတ် AGM-158 JASSM ခရုဇ်ဒုံးဟာတာဝေးထိရောက် နိုင်ပြီး ရေဒါကိုရှောင်ရှားနိုင်စွမ်း ရှိတဲ့ ဒုံးအမျိုးအစားတစ်မျိုးဖြစ်တယ်၊ အန္တရာယ်ပေးနိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ်ကိုလည်း ဖျက်ဆီးနိုင်ကာ ပစ်မှတ်အရှင်ဖြစ်စေ၊ အသေတပ်ထားတဲ့ပစ်မှတ်ကိုဖြစ် စေ ပစ်ခတ်နိုင်ပြီး လေယာဉ်ကို အန္တရာယ်ရှိလေကြောင်းကာကွယ်ရေး စနစ်ကနေ ဘေးကင်းအနေအထားမှာ ထားပေးနိုင်တယ်လို့ ဆိုပါတယ်။ လော့ဟိမာတင်အဆိုအရ သည်ဒုံးကျည်ရဲ့အသံလုံဘောင်တွေဟာ ဒုံးကျည်ကို တိုက်ခိုက်ရ မလွယ်အောင်ကာကွယ်ပေးထားတယ်လို့သိရ ပါတယ်။
ချိုလေးငယ်/Kumudra

No comments:

Post a Comment