Latest News

Sunday, June 4, 2017

ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိကိစ္စ ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ဦးဝင်းထိန်ပြော

ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိကိစ္စ ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ဦးဝင်းထိန်ပြော

လာဘ်စားသည် ဟုစွပ်စွဲခံထားရသော ရန်ကုန်တိုင်းဝန်ကြီးချုပ်၏    ကိုယ်ရေး အရာရှိနှင့်ပတ်သက်၍ ဥပဒေအတိုင်း သက်ဆိုင်ရာပုဂ္ဂိုလ်များ က ဆောင်ရွက်မည်ဖြစ်ပြီး ပါတီအနေဖြင့် စောင့်ကြည့်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့   အတွင်းရေးမှူးအဖွဲ့ဝင်    ဦးဝင်း ထိန်ကပြောသည်။

နေပြည်တော်၌ ကျင်းပသည့်  NLD ဗဟိုအလုပ်အမှုဆောင်အ စည်းအဝေးအပြီးတွင် ဦးဝင်းထိန် က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

‘‘ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေး အရာရှိ ကိစ္စကဥပဒေအတိုင်းပဲ လုပ်မယ်။ ဘာမှဝင်စွက်ဖက်စရာ မလိုဘူး။ တိုင်တဲ့သူရှိတော့ သက် ဆိုင်ရာပုဂ္ဂိုလ်တွေက လုပ်ကြမှာ။ စောင့်ကြည့်ဦးမယ်။ ဘာများလာ မလဲလို့ စိတ်ဝင်စားလို့’’ဟု ဦးဝင်း ထိန်ကပြောသည်။

‘‘မြောက်ဒဂုံမြို့နယ်ရှိ မြေ ကိုးဧက ရလိုမှုဖြင့် ဦးဖြိုးမင်းသိန်း ၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်း ကို ကျပ် ၁၂ သိန်း လာဘ်ငွေပေးအပ်ခဲ့ရသည်ဟု အဆိုပါမြေများ၏ မူ လပိုင်ရှင် ဦးအုန်းဟန်၏ ကိုယ် စားလှယ်ဆိုသူ ဒေါ်ချောကေခိုင် နှင့် လုပ်ငန်းတူဆောင်ရွက်သူ မိုက်ကယ်ကျော်မြင့်တို့က မီဒီယာ များနှင့် တွေ့ဆုံရှင်းလင်းရာ စွပ်စွဲခံရသူက မဟုတ်မှန်ကြောင်းတုံ့ ပြန် ပြောကြားထားသည်။

ထို့အပြင် လာဘ်ယူသည်ဟု စွပ်စွဲခံထားရသူ ဦးတင်ထွန်းက ၎င်းအနေဖြင့် ဦးဖြိုးမင်းသိန်း၏ တရားဝင်ကိုယ်ရေးအရာရှိ မဟုတ်ကြောင်း၊ သာမန်ပါတီဝင် တစ်ဦးသာဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလကတည်းက ဦးဖြိုးမင်းသိန်းလက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့ကြောင်း ပြောကြားထား သည်။

သို့သော် ယင်းကိစ္စနှင့်ပတ် သက်၍ အခြေအနေအကုန်မသိ သေး၍ စုံစမ်းရန် မရှိသေးဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း ပြောသည်။

‘‘ကျွန်တော်တို့ဆောင်ရွက်ဖို့ မရှိဘူးဗျ။ သူတို့ဟာသူတို့ သတင်းစာရှင်းလင်းပွဲ ဘာညာလျှောက် လုပ်တယ်။ ဘယ်လောက်မှန်လဲ ဆိုတာ ကျွန်တော်တို့မသိဘူး။ ဒါ မှန်ခဲ့ရင်လည်း ဘယ်လောက်အ လားအလာ ကောင်းတယ်ဆိုရင် လည်း ဒီဘက်က Defence လုပ် ဦးမှာပေါ့။ အခုအခြေအနေမှာ ကျွန်တော်တို့ အခြေအနေအကုန် မသိသေးလို့ပါ’’ဟု ဦးဉာဏ်ဝင်း က ပြောသည်။

ပါတီဝင်များ လာဘ်ပေး လာဘ်ယူမှုနှင့် ငြိစွန်းပါက လုပ် ထုံးလုပ်နည်းအရ စုံစမ်းမှုပြုလုပ် မည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။

Photo - Goolgle

7Day News

No comments:

Post a Comment