Latest News

Sunday, June 4, 2017

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂)နှစ်ပြည့် မွေးနေ့ ဒီချုပ်ရုံးမှာ ကျင်းပမယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂)နှစ်ပြည့် မွေးနေ့ ဒီချုပ်ရုံးမှာ ကျင်းပမယ်

နံနက် ၉ နာရီ မွေးနေ့အခမ်းအနား စတင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၇၂)နှစ်ပြည့်မွေးနေ့ကို  ဇွန်လ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သံဃာတော်တွေနဲ့ သီလရှင်တွေကို ဆွမ်းဆန်စိမ်းလောင်းလှူမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဇွန်လ ၁၉ ရက် နံနက် ၇ နာရီမှာ ဆွမ်းဆန်စိမ်းလောင်းလှူမှာဖြစ်ပြီး နံနက် ၉ နာရီ မွေးနေ့အခမ်းအနား စတင်မှာ ဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူလိုသူတွေနဲ့ စတုဒိသာကျွေးမွေးလိုသူတွေဟာ  ဇွန်လ ၁၂ ရက် နောက်ဆုံးထားပြီး NLD ရုံးချုပ်ကို စာရင်းပေးပို့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က  ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်မှာ နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးတာတွေ ပြုလုပ်ခဲ့ရာမ NLD ပါတီဝင်တွေ၊ ပြည်သူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်ခဲ့ပါတယ်။
Photos & Source: 7Day Daily:Duwun
Photos: Myanmar State Counsellor Office

No comments:

Post a Comment