Latest News

Sunday, June 4, 2017

လက်ထပ်လိုက်ပြီဆိုတဲ့ မေသန်းနု

လက်ထပ်လိုက်ပြီဆိုတဲ့ မေသန်းနု

ပရိသတ်တွေ အံ့သြကုန်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ မေသန်းနုဟာ ဇွန်လ ၄ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ Relationship ကို Got Married လို့ တင်လိုက်တာကြောင့် ပရိသတ်တွေ အံ့သြသွားရပါပါတယ်။

အသက် ၁၉ နှစ်အရွယ် သား မင်းသန့်မောင်မောင်ရှိတဲ့ မေသန်းနုဟာ ခင်ပွန်းဖြစ်သူ  ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ လမ်းခွဲလိုက်တာကြာပါပြီ။

တစ်ကိုယ်တည်း ဘဝကို အေးချမ်းစွာ ဖြတ်ကျော်နေတဲ့ မေသန်းနုဟာ အခုလို ရုတ်တရက်ကြီး လက်ထပ်လိုက်ပြီဆိုတဲ့ Relationship တင်လိုက်တော့ အားလုံးက ဘယ်လိုများဖြစ်ပါလိမ့်လို့ တွေးတောကုန်ကြတာ ဖြစ်ပါတယ်။

မေသန်းနုနဲ့ စင်ရော်မောင်မောင်ဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက ဇာတ်ကားအတူရိုက်ဖို့ စီစဉ်ခဲ့ကြပါသေးတယ်။ စင်ရော်မောင်မောင် ရိုက်ကူးမယ့် "ထာဝရမေမေ" ဇာတ်ကားမှာ မေသန်းနုက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး သားဖြစ်သူ မင်းသန့်မောင်မောင် ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီသွားမယ်လို့ သိရပါတယ်။ မေသန်းနုတစ်ယောက် ခင်ပွန်းဟောင်းနဲ့ပဲ ပြန်လက်တွဲလိုက်တာလား။

Photos : မေသန်းနုဖေ့စ်ဘွတ်

Duwun

No comments:

Post a Comment