Latest News

Monday, June 12, 2017

ဖိလစ်ပိုင် အကြမ်းဖက်စစ်ဆင်ရေး တရုတ်ကူညီမည်


ဖိလစ်ပိုင်အစိုးရဆင်နွှဲနေတဲ့ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်သမားတွေအပေါ် စစ်ဆင်ရေးမှာ တရုတ်နိုင်ငံက ကူညီပေးသွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

အဲဒီစစ်ဆင်ရေးအတွက် အမေရိကန်အစိုးရက အထူးတပ်ဖွဲ့တွေ စေလွှတ်အကူအညီပေးအပ်လိုက်ပြီးချိန်မှာ တရုတ်ကလည်း သူပါ အကူညီပေးဖို့ အခုလို ပြောကြားလိုက်တာပါ။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မာရာဝီမြို့ကို အစ္စလာမ်အစွန်းရောက်လက်နက်ကိုင်တွေက မေလ ၂၃ ရက်နေ့ကတည်းက သိမ်းပိုက်ထားပြီး၊ ဖိလစ်ပိုင်အစိုးရတပ်တွေ ဆက်လက်ဆင်နွှဲနေတဲ့ စစ်ဆင်ရေးမှာ အမေရိကန်တပ်တွေ ကူညီပေးနေပြီလို့ မနီလာမြို့ အမေရိကန်သံရုံးက အခုပြီးခဲ့တဲ့ စနေနေ့က ကြေညာခဲ့တာပါ။

အကြမ်းဖက်မှုဟာ လူသားမျိုးနွယ်အတွက် ဘုံရန်သူဖြစ်ကြောင်း၊ သမ္မတ ဒူတာတေးရဲ့ ဦးဆောင်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို တရုတ်အစိုးရအနေနဲ့ နားလည်သဘောပေါက်ပြီး ပြည့်ပြည့်ဝဝ ကူညီပေးသွားမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် လူကန်းက သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment