Latest News

Saturday, June 10, 2017

ရာသီဥတုပြောင်းလဲမှူ့ကြီးကြီးမားမားနဲ့ ကြုံတွေရင် ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ နှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု သင်တန်း ကျောင်းကြီးရဲ့ အစီအစဉ်များ


ရာသီဥတုပြောင်းလဲမှူ့ကြီးကြီးမားမားနဲ့ ကြုံတွေရင် ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ နှင့်  သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု သင်တန်း ကျောင်းကြီးရဲ့ အစီအစဉ်များ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ရက် နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး အရှေ့တောင်အာရှတွင် ဦးဆုံးဖွင့်လှစ်နိုင်ခဲ့သော မြန်မာနိုင်ငံ၏ တခုတည်းသော သင်တန်းကျောင်းကြီးအဖြစ် ရပ်တည်ခဲ့ရာ တနှစ်ခွဲကာလအတွင်း သင်တန်းသားဦးရေ ၁၂၀၀ ခန့်မွေးထုပ်ပေးခဲ့ကြောင်းသိရသည်။

သဘာဝဘေးအန္တရယ်နင့်ပတ်သက်သည့် ဆက်စပ်မှုရှိသော ဌာနများ၊CSO၊NGO နှင့် အခြားသောလူမှူ့အဖွဲ့အစည်းများမှ သင်တန်းသားများအား အချိုးကြခေါ်ယူသင်ကြားပေးလျှက်ရှိကြောင်း၊ အခြေခံသင်တန်းနှင့် ဆင့်ပွားသင်တန်းဟူ၍ ၂မျိုးသင်ကြားပို့ခြပေးလျှက်ရှိကြောင်း သင်တန်းကျောင်း ကျောင်းအုပ်ကြီး (ညွှန်ကြားရေးမှူး) ဦးအေးမင်းသူ ထံမှသိရသည်။

 " ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ဘေးအန္တရယ်တွေကို လျှောပါးအောင်လုပ်လို့မရပါဘူး ထိခိုက်ဆုံးရှုံးနိုင်ခြေကိုသာ လျှောပါးအောင်လုပ်လို့ရပါတယ် ဘေးအန္တရယ်ခံနိုင်တဲ့ လူမှူအဖွဲ့အစည်းတခုဖြစ်ပေါ်လာရေးကိုမျှော်လင့်ပါတယ် " လို့ ကျောင်းအုပ်ကြီးမှ ပြောပါသည်။

ဘာသာရပ်များအား နည်းစနစ်စုံလင်စွာဖြင့် သင်ကြားပေးလျှက်ရှိပြီး လက်တွေ့ရင်ဆိုင်ရမည့် လိုက်လျှောညီထွေနေနိုင်မှု နှင့် တုန့်ပြန်ရင်ဆိုင်နိုင်မှု နည်းပညာများအားသင်ကြားပေးသဖြင့် အလွန်အကျိုးရှိကြောင်း သင်တန်းသားတဦးဖြစ်သူ ဦးဝင်းထွဋ် (မအူပင်ခရိုင်ပညာရေးမှူးရုံး)ထံမှသိရသည်။

"သင်ခန်းစာနဲ့ သင့်တော်တဲ့ဂိမ်းတွေ ထည့်သွင်းပေးထားတယ်၊အဖွဲ့လိုက်ဆွေးနွေးခြင်းတွေလုပ်တယ်၊သင်တန်းကာအတွင်းမှာဆို တရက် ကျေးရွာကို ဆင်းပြီး ပြည်သူလူထုတွေရဲ့သဘာဝဘေးအန္တရယ်ဆိုင်ရာ ထိခိုက်ခံရမှူ့တွေ ရွာရဲ့စွမ်းဆောင်ရည်တွေကို ဖေါ်ထုပ်တဲ့ သင်ခန်းစာလဲရှိပါတယ်။သင်တန်းသားတွေကတော့ စိတ်ပါလက်ပါနဲ့ဆောင်ရွက်ကြတာတွေရပါတယ် " လို့ ဦးစီးအရာရှိ သင်တန်းနည်းပြဆရာ ဦးဘထူးတင့် ကပြောပါသည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရယ်များ များလာပြီး ပိုမိုအားပြင်းလာပါသည်။ဘေးအန္တရယ်များသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု့ကို သိသိသာသာအဟန့်အတား ဖြစ်စေပါသည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာသည်နှင့်အမျှ ပင်လယ်ရေမျက်နှာပြင်သည်လည်းမြင့်တက်လာကာ ပင်လယ်ကန်းရိုးတန်းများတွင်ရေတိုက်စားမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ ရာသီသတုပြောင်းလဲမှု့ ကြီးကကြီးမားမားနှင့် ကြုံတွေ့ရသောအချိန် ဘေးအန္တရယ်များနှင့် ကြုံတွေ့ရသောအချိန်များတွင် ပြည်သူလူထုအားလုံး လိုက်လျှောညီထွေနေနိုင်မှု့အဆင့်မှ တုန့်ပြန်ရင်ဆိုင်နိုင်မှုအဆင့်ထိ သိရှိထားရန်ဖြစ်ပါသည်။ အထက်ပါလုပ်ငန်းစဉ်အားလုံး ရာနှုန်းပြည့်အောင်မြင်နိုင်ရန် အစိုးရ နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် ပြည်သူတရပ်လုံးပူးပေါင်းပါဝင်ပါမှ အောင်မြင်မည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။
Ko Yan Naing (Hinthada)

No comments:

Post a Comment