တရုတ်နိုင်ငံ စီချွမ်တွင် မြေပြိုမှုအတွင်းပျောက်ဆုံးနေသူများ၏ အချက်အလက်များကိုထုတ်ပြန်
စီချွမ် ဇွန် ၂၅
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တောင်ကုန်းထူထပ်သည့် ဒေသဖြစ် သော စီချွမ်ပြည်နယ်တွင် စနေနေ့က ကြီးမားသည့် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နောက် လူ ၁၁၈ ဦး ပျောက်ဆုံးလျက် ရှိရာ ဒေသဆိုင်ရာအာဏာပိုင်များက ပျောက်ဆုံးနေသူများ၏ အမည် စာရင်းနှင့် ကိုယ်ရေးအချက်အလက် များကို ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
မြေပြိုမှုအတွင်း ပျောက်ဆုံးလျက် ရှိသူများ၏ အမည်စာရင်းနှင့် အချက်အလက်များကို တနင်္ဂနွေနေ့ တွင် အဘာတိဘက်နှင့် Qiang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည်။ ရှာဖွေ ကယ်ဆယ်ရေးပြုလုပ်ရာတွင် အထောက် အကူဖြစ်စေမည့် သဲလွန်စများကို ဒေသခံပြည်သူများက ကူညီဖြည့်ဆည်း ပေးကြရန် အာဏာပိုင်များက တိုက် တွန်းခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့ဝင် ၃ဝဝဝ ကျော်တို့သည် ပြိုကျထားသည့် မြေစိုင်မြေခဲများအောက်တွင် ပိတ်မိ နေသူများကို ကယ်ဆယ်နိုင်ရန် အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိ သည်။ မြေပြိုမှုအတွင်း ၁၅ ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြု ထားပြီဖြစ်သည်ဟု ရှာဖွေကယ်ဆယ် ရေးအဖွဲ့ကို ဦးဆောင်သူ ဝမ်မင်ဂွီက ပြောကြားခဲ့သည်။
မြေပြိုမှုသည် စနေနေ့နံနက် ၆ နာရီတွင် ဖြစ်ပွားခဲ့ရာ ဇင်မိုကျေးရွာ၊ ဒိုင်စီမြို့နယ်နှင့် မာအိုစီခရိုင်တို့ရှိ နေအိမ် ၆၂လုံးကိုပျက်စီးသွားစေခဲ့သည်။မြေပြို မှုက မြစ်၏ နှစ်ကီလိုမီတာခန့်ကို ပိတ်ဆို့ ဖုံးလွှမ်းသွားစေခဲ့ပြီး လမ်း၏ ၁၆ဝဝ မီတာခန့်ကို မြေမြုပ်သွားစေခဲ့သည်။
ပြိုကျသည့် မြေစိုင်မြေခဲ အစုအပုံ သည် ကုဗမီတာ ရှစ်သန်းခန့်ရှိ ကြောင်း စီချွမ်ပြည်နယ် ဘူမိကျွမ်းကျင် ပညာရှင်များက ပြောကြားခဲ့ကြောင်း သိရသည်။
(ဆင်ဟွာ)
MOI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment