Latest News

Friday, June 9, 2017

ပြဋ္ဌာန်းဥပဒေများကို အစိုးရက အကောင်အထည် ဖော်ခဲ့သော်လည်း လွှတ်တော်သို့ နောက်ဆက်တွဲ အစီရင်ခံရန် ပျက်ကွက်ဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌပြော

ပြဋ္ဌာန်းဥပဒေများကို အစိုးရက အကောင်အထည် ဖော်ခဲ့သော်လည်း လွှတ်တော်သို့ နောက်ဆက်တွဲ အစီရင်ခံရန် ပျက်ကွက်ဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌပြော


မွန်ပြည်နယ် လွှတ် တော်အတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေများကို ပြည်နယ်အစိုးရ အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ဆက် စပ်သော စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လွှတ်တော်သက်တမ်း နှစ်ကြိမ်စလုံးတွင် ပြည်နယ်အစိုးရအဆက် ဆက်က လွှတ်တော်သို့ပေးပို့ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌက ပြောကြား သည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် ပထမအကြိမ် လွှတ်တော် နှင့် ၂၀၁၆ မှ ယခုဇွန်လ ၈ ရက်ထိပြုလုပ်သည့် လွှတ်တော်အစည်း အဝေးအထိ ယခင်အစိုးရနှင့် ယခုအစိုးရသစ်ပါ ဆက်စပ်သော စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လွှတ်တော် သို့ ပေးပို့ ဆောင်ရွက်ထားမှု မရှိ၍ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက လွှတ် တော်တွင် မေးမြန်းခဲ့ခြင်းဖြစ် သည်။

 ‘‘ပြည်နယ်လွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေ၊ နည်း ဥပဒေရေးဆွဲပြီးတော့ လွှတ်တော် ကို လာရောက်ဖြန့်ဝေတင်ပြထား တာ ရှိခဲ့သော်လည်းပဲ နည်းဥပဒေ ရဲ့ နောက်ဆက်တွဲမှာ ပါလာမယ့် အမိန့်ညွှန်ကြားချက် စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်း ဒါ တွေနဲ့ပတ်သက်ပြီး လွှတ်တော် မှာ လာရောက်အသေးစိတ် တင် ပြထားတာ မရှိသေးကြောင်း တွေ့ရတယ်။ စည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြား ချက်တွေကို လွှတ်တော်သို့ လာ ရောက်ပေးပို့ထားခြင်းမရှိတာ ဟာ စည်းမျဉ်းစည်းကမ်းတွေကို တစ်ခုမှ မထုတ်ပြန်ရသေးလို့ လား။ ထုတ်ပြန်ထားပါသော် လည်း လွှတ်တော်ကို လာရောက် ပေးပို့ရန် ကျန်ရှိနေသေးလို့လား’’ ဟု ဒေါက်တာအောင်နိုင်ဦးက မေးမြန်းခဲ့သည်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀(က) (ခ)အရနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၆၀ အရ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခွင့်နှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသဖြင့် လွှတ်တော်သို့ တင်ပြရန်လို ကြောင်း ၎င်းက ပြောသည်။

7Day News Journal

No comments:

Post a Comment