Latest News

Tuesday, June 13, 2017

သိမ်းဆည်းခံ လယ်မြေများကို မြေပေါက်ဈေးအတိုင်း လျော်ကြေးပေးမည်မဟုတ်ဟု ၀န်ကြီးချုပ်ပြော

သိမ်းဆည်းခံ လယ်မြေများကို မြေပေါက်ဈေးအတိုင်း လျော်ကြေးပေးမည်မဟုတ်ဟု ၀န်ကြီးချုပ်ပြော

ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းထားသော လယ်မြေ များအတွက် လျော်ကြေးပေးရာ တွင် မြို့ပြမြေပေါက်ဈေးပမာဏ အတိုင်း ပေးလျော်မည်မဟုတ်ဘဲ လယ်မြေပေါက်ဈေးအတိုင်းသာပေးမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောသည်။

‘‘လယ်တွေကို လယ်ဈေးအတိုင်း ရနိုင်မယ့်အခြေအနေကို အစိုးရဘက်က ဒီအတိုင်းပဲ ဆုံးဖြတ် သွားမှာဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ လယ်မြေတွေကို မြို့တော်က မြေဈေးမရနိုင်ဘူး ဆို တာ သေချာပါတယ်’’ဟု ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သိမ်းဆည်းခံ လယ်မြေများ ကို မြို့ပြပေါက်ဈေးအတိုင်း ပေး လျော်မည်မဟုတ်ဘဲ မူလလယ် မြေတန်ဖိုးသာပေးမည်ဟု ၀န်ကြီး ချုပ်က ပြောသည်။ သိမ်းဆည်းခံ လယ်မြေများ လျော်ကြေးပေးရာ၌ ကြားပွဲစားများ၏ ဆောင်ရွက်မှုများကြောင့်  အခက်အခဲများကြုံရသည်ဟု ၀န်ကြီးချုပ်က ဇွန်လ ၉ ရက်တွင် ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ရန်ကုန်တိုင်းတွင် မြေဈေး ကစား မှုများစွာ ကြုံတွေ့နေရခြင်း ကြောင့် မြေဈေးကို ထိန်းညှိနိုင်ရန် တိုင်းအစိုးရက လုပ်ဆောင်ခဲ့ ကြောင်း ၀န်ကြီးချုပ်က ပြော သည်။

ရန်ကုန်မြို့သည် မြို့ပြဧရိ ယာ ကျယ်ပြန့်လာခြင်းကြောင့် လယ်သမားများအနေဖြင့် သိမ်း ဆည်းခံလယ်မြေများ ပြန်ရနိုင်စ ရာမရှိတော့ကြောင်း ရှင်းပြသည်။

ထို့အပြင် မြေတန်ဖိုးပြောင်း လဲကွာခြားမှုကို အခွင့်အရေးယူ နေသူများကြောင့် လယ်ယာမြေ များတွင် လူနေထိုင်ခွင့် လန(၃၉) လျှောက်ထားမှုကို စနစ်တကျ စစ်ဆေးမည်ဟု ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောသည်။

လယ်ယာမြေများတွင် လူ နေထိုင်မှုလျှောက်ထားရာ၌လယ် သမားမဟုတ်ဘဲ စီးပွားရေးလုပ် ငန်းရှင်များသာ လျှောက်ထား၍ မြေတန်ဖိုးပြောင်းလဲမှုကို ရယူနေ ကြောင်း၊ လယ်တစ်ဧက၏ မူလ တန်ဖိုးသည် ကျပ်သိန်း ၂၀၀ ခန့် ရှိသော်လည်း လန(၃၉)ရရှိပါက ကျပ်သိန်း ၅၀၀ မှ ၁,၀၀၀ အကြား ဈေးမြင့်တက်ကြောင်း ၎င်းကဆိုသည်။

ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းတွင် လယ်ယာမြေ များကို လူနေထိုင်ခွင့်လျှောက် ထားကာခြံကွက်များဖော်၍ ရောင်း ချမှုများရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့က ပြော ကြားသည်။

၂၀၁၂ လယ်ယာမြေနည်း ဥပဒေတွင် နိုင်ငံတော်အကျိုးငှာ ဖြစ်စေ၊ အများပြည်သူအကျိုးငှာ ဖြစ်စေ လယ်ယာမြေသိမ်းယူခြင်း ခံရလျှင် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက ယင်းလယ်ယာမြေပေါ်၌  အဆောက်အအုံဖြင့် တိုးတက် ကောင်းမွန်စေရန်ပြုပြင်ခြင်း အ ပါအ၀င် မူလလယ်ယာမြေလုပ် ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက် ထားသည့် ကိစ္စရပ်များအတွက် နစ်နာကြေးနှင့် လျော်ကြေးများကို သက်ဆိုင်ရာမှ နှောင့်နှေးကြန့် ကြာမှုမရှိဘဲ ရရှိစေရန် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လို အပ်သလို ညှိနှိုင်းဆောင်ရွက်ရ မည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့ လျော်ကြေးပေးရာ တွင် လက်ရှိစိုက်ပျိုးထားသည့် စပါးနှင့် အခြားရာသီသီးနှံများအ တွက် တစ်ဧက ပျမ်းမျှအထွက် နှုန်းကို အခြေခံလျက် ဒေသ ကာလပေါက်ဈေးဖြင့် တွက်ချက် သော တန်ဖိုး၏သုံးဆ၊ စိုက်ပျိုး ထားသည့် နှစ်ရှည်ပင်အတွက် လက်ရှိအပင်တန်ဖိုးကို အခြေခံ လျက် ဒေသကာလပေါက်ဈေး ဖြင့် တွက်ချက်သော တန်ဖိုး၏ သုံးဆ၊ လယ်ယာမြေတွင်  အ ဆောက်အအုံဖြင့် တိုးတက် ကောင်းမွန်စေရန် ပြုပြင်ခြင်းအပါအ၀င် အခြားဆောင်ရွက်ချက်များ အတွက် ဒေသကာလပေါက်ဈေး ဖြင့် တွက်ချက်သော တန်ဖိုး၏ နှစ်ဆပေးရမည်ဟု ဖော်ပြထား သည်။

7Day News

No comments:

Post a Comment