Latest News

Friday, June 16, 2017

မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း၂ပါးကို တရားခံပြေးအဖြစ် အမိန့်ချ

မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း၂ပါးကို တရားခံပြေးအဖြစ် အမိန့်ချ


ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ ဦးသုစိတ္တနဲ့ ဦးပညာဝံသ ရဟန်း ၂ ပါးကို မင်္ဂလာတောင်ညွန့် မြို့နယ်တရားသူကြီးက ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ တရားခံပြေးအဖြစ် ဇွန်၁၆ ရက်ရုံးချိန်းမှာ ကြားဖြတ်အမိန့် ချမှတ်လိုက်ပါတယ်။

မင်္ဂတောင်ညွှန့်ပဋိပက္ခဖြစ်စဉ်မှာ အဓိကပါဝင်သူတွေလို့ စွပ်စွဲခံထားရတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ ရဟန်း ၂ ပါးတို့ကို မေလ ၁၁ ရက်နေ့မှာ မင်္ဂလာတောင်ညွန့် တရားရုံးက ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့ပေမယ့် ရဟန်း ၂ ပါးကို အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

လာမယ့်ဇွန်၂၇ရက်နေ့ရုံးချိန်းမှာတော့ တရားလိုအဖြစ်တိုင်ကြားခဲ့တဲ့ ရဲမှူးခင်မောင်ဦးကို စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ခိုးဝင်ဘင်္ဂါလီတွေ ရှိတယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ရပ်ကွက်နေသူတချို့နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

DVB

No comments:

Post a Comment